“ထူးခြား”ဆိုင်တွင် ဝါယာရှော့ဖြစ် မီးလောင်မှုဖြစ်ပွား


ပြည် ဇွန်လ(၂၉)ရက်နေ့

ပြည်ခရိုင်၊ ပြည်မြို့၊ အောင်တန်းပြည်သာယာရပ်ကွက်တွင် ဇွန်လ(၂၉)ရက်နေ့ နံနက်  (၁)နာရီ (၅၀)အချိန်ခန့် စက်ဘီးဆိုင်ကယ်ပြုပြင်ရေးဆိုင်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပြည်မြို့၊ ပြည်သာယာရပ်ကွက်၊ အောင်ဆန်းအပိုင်း (၁)ရှိ ဦးတင်အောင် ၊ (၃၉)နှစ်၊ (ဘ) ဦးကျော်လှ၊စက်ဘီး/ဆိုင်ကယ်ပြုပြင်ရေး ကားကြီးဝန်းအနီး၊ ခေတ္တရာမြို့သစ်ရပ်ကွက် ပြ
ည်မြို့နေသူပိုင်(ထူးခြား) စက်ဘီး/ဆိုင်ကယ်ပြုပြင်ရေးဆိုင်သို့ သွယ်တန်းထားသော စပ်မီတာ၏ လျှပ်စစ်ဝါယာကြိုးရှော့ဖြစ်၍ ထရံသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရ၏။


ထိုသို့ မီးကူးစက်လောင်ကျွမ်းမှုကြောင့် အလျား(၃၀)ပေ အနံ(၁၀) ၊ သွပ်မိုး၊ ထရံကာဆိုင်ကယ်ပြင်ဆိုင် (၁)လုံးဆုံးရှုံးခဲ့ပြီး မီးလောင်မှုဖြစ် ပွားရာသို့ မီးသတ်တပ်ဖွဲ့ဝင်များ၊ရဲတပ်ဖွဲ့ဝင်များ၊ရပ်ကွက်သူ/သားများ ၀ိုင်းဝန်းမီးငြိမ်းသတ်ခဲ့ကျသဖြင့် လူထိခိုက် ဒဏ်ရာရရှိမှုမရှိ ဘဲ အချိန်တိုအတွင်း မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။


ထို့ကြောင့် ဖြစ်စဉ်နှင့်ပတ်သက်၍ ဦးတင်အောင် အား ဥပဒေအရ အရေးယူပေးရန် ဒုရဲအုပ် ၀င်းမင်းစိုး မှတရားလိုပြုလုပ်တိုင်တန်းသဖြင့် ပြည်အမှတ်(၃)နယ်မြေရဲစခန်း (ပ) ၉၁၅/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုရေးဖွင့်ဆောင်ရွက်ခဲ့ပြီး အမှုအား ဒုရဲအုပ် ၀င်းမင်းစိုးမှ လက်ခံစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)
ပြည်သတင်း
https://www.facebook.com/pyaynews
“ထူးခြား”ဆိုင်တွင် ဝါယာရှော့ဖြစ် မီးလောင်မှုဖြစ်ပွား “ထူးခြား”ဆိုင်တွင် ဝါယာရှော့ဖြစ် မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 04:03 Rating: 5
Powered by Blogger.