မြို့သာနတ်ပွဲမော်တော်ကားလမ်း အလှူခံသူအား ကားဝင်တိုက်သေဆုံး


မြိုင် ဇွန် ၃၀

မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ် ကျောက်ဆောက်ရေယဉ် မြို့သာနတ်ပွဲသွား မော်တော်ကားလမ်းပေါ်၌ အလှူခံနေသည့်သူအား မော်တော်ကား ဝင်တိုက်သေဆုံးကြောင်း ဇွန်၃၀နေ့ နံက်က မြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ...နှစ်စဉ်ကျင်းပမြဲဖြစ်သော ရိုးရာနတ်ပွဲဖြစ်သည့် မြိုင်မြို့နယ် မြို့သာနတ်ပွဲ၌ နေရာဒေသ အသီးသီး ဆိုင်ရာတို့မှ မော်တော်ယာဉ်များဖြင့် လာရောက်ကြရာ ကျောက်ဆောက်ကျေးရွာအုပ်စု ရေယဉ်ကျေးရွာအနီး ထန်းငယ်တောကျေးရွာ အလှူခံမဏ္ဍပ်တွင် မောင်အေးကို (၃၇)နှစ် အလှူခံနေစဉ် အပြာရောင်ထော်လာဂျီ မောင်ဝင်းကို(၂၄)နှစ်မောင်းနှင် လာသော ယာဉ်မှ တိုက်မိသဖြင့် ပခုက္ကူဆေးရုံကြီးသို့ အပို့ သေဆုံးသွားကြောင်း ယာဉ်တိုက်မှုအား မြိုင်မြို့မရဲစခန်းမှ အရေးယူဆောင်ရွက်ကြောင်းသိရသည်။

စိန်မြိုင်(မြိုင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မြို့သာနတ်ပွဲမော်တော်ကားလမ်း အလှူခံသူအား ကားဝင်တိုက်သေဆုံး မြို့သာနတ်ပွဲမော်တော်ကားလမ်း အလှူခံသူအား ကားဝင်တိုက်သေဆုံး Reviewed by THITHTOOLWIN on 16:39 Rating: 5
Powered by Blogger.