တမူးမြို့မှ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်အမတ် ဦးထန်ခိုဟောက် ကွယ်လွန်


မုံရွာ၊ ဇွန် ၂၉။

တမူးမြို့ မဲဆန္ဒနယ် အမှတ် ၂ မှ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်အမတ် ဦးထန်ခို ဟောက်သည် အသည်းရောဂါဖြင့် မန္တလေးဆေးရုံကြီး၌ တက်ရောက်ကုသခံနေစဉ် ဇွန် ၂၉ ရက် မွန်းလွဲ ၃နာရီခန့် ကွယ်လွန်ခဲ့ကြောင်း သတင်းရရှိသည်။

ဦးထန်ခိုဟောက်ထံသို့ လူနာမေးသွားရန် စစ်ကိုင်းတိုင်းဒေသကြီးမှ လွှတ်တော်အမတ်များသည် ယနေ့လွှတ်တော်အစည်းအဝေးပြီးချိန်တွင် သွားရောက်ခိုက် မုံရွာ-မန္တလေးလမ်း ချောင်းဦးမြို့ အရောက်တွင် ဆုးံပါးသွားကြောင်းသတင်းအရ လှည့်ပြန်ခဲ့ရကြောင်း လွှတ်တော်အမတ်များထံမှ သိရသည်။

၎င်းသည် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်မှ ဖွဲ့စည်းထားသော တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးကော်မတီတွင် ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ဦးထန်ခိုဟောက်မဆုံးမီ တိုင်းလွှတ်တော် အမတ်များစုပေါင်း၍ တစ်ဦးလျှင် ငွေတစ်သောင်းကျပ်ဖြင့် မိသားစုဝင်များထံသို့ ထောက်ပံ့ပေးအပ်ခဲ့သည်။

ဇွန်လ ၃၀ ရက်နေ့တွင် ကျင်းပမည့် တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး နေ့တွင်လည်း ၀မ်းနည်းကြောင်းအဆို တင်သွင်းသွားမည်ဖြစ်ကြောင်း သိရပြီး ဦးထန်ခိုဟောင်း ရုပ်အလောင်းကို နေရပ်တမူးမြို့သို့ သယ်ဆောင်ပြီး ဘာသာထုံးတမ်းဓလေ့အရ သဂြိုလ်သွားမည်ဖြစ်သည်။

နှင်းမောင်
Central News Myanmar
https://www.facebook.com/CNMyanmar/
တမူးမြို့မှ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်အမတ် ဦးထန်ခိုဟောက် ကွယ်လွန် တမူးမြို့မှ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်အမတ် ဦးထန်ခိုဟောက် ကွယ်လွန် Reviewed by THITHTOOLWIN on 08:01 Rating: 5
Powered by Blogger.