ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေ


ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့မြောက်ပိုင်းမှာ ပြည်သူ့စစ်တပ်ဖွဲ့များနဲ့ လက်နက်ကိုင်တပ်ဖွဲ့များကြား ဇွန်လ (၂၂)ရက်နေ့က တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ပြီးနောက်၊ အနည်းဆုံးလူ(၁၂)ဦးသေဆုံးခဲ့ပြီး၊ ကျောင်းတစ်ကျောင်းမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး စာမေးပွဲဖြေဆိုနေတဲ့
ကျောင်းသား အများအပြားဒဏ်ရာရရှိခဲ့တယ်လို့  ဒေသခံတက်ကြွလှုပ်ရှားသူများရဲ့ပြောကြားချက်အရသိရပါတယ်။


ကွန်ဂိုစစ်တပ်နဲ့ယာယီညွန့်ပေါင်း တပ်ဖွဲ့အသစ်လို့ယူဆရတဲ့ National Movement of Revolutionaries (MNR)တပ်ဖွဲ့ကြား Beni(ဘီးနီ)မြို့ထဲနဲ့ မြို့ဝန်းကျင်မှာ တိုက်ပွဲများဖြစ်
ပွားနေတာဖြစ်ပြီး၊ ယာယီညွန့်ပေါင်းတပ်ဖွဲ့မှ အနည်းဆုံးလူ(၈)ဦးနဲ့စစ်သား (၄)ဦး သေဆုံးသွားတယ်လို့တက်ကြွလှုပ်ရှားသူ Teddy Kataliko(တက်ဒီကာတယ်လ်လီကို)ကဆိုပါတယ်။

ဇွန်လ(၂၂)ရက်မနက်ပိုင်းက မြို့တော်ဝန်ရုံးအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပေမယ့်၊ စစ်တပ်မှနေ့လယ်ပိုင်းမှာလက်နက်ကိုင်တပ်ဖွဲ့ကို တိုက်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ကွန်ဂိုအရှေ့ပိုင်းကို ဒါဇင်ပေါင်းများစွာသော လက်နက်ကိုင်တပ်ဖွဲ့များမှ ထိန်းချုပ်ထားပြီး၊ ဒေသခံများနဲ့ဓာတ်သတ္တုသိုက်များကိုသိမ်းပိုက်ထားတယ်လို့သိရပါတယ်။

 (၂၀၁၄)ခုနှစ်၊ အောက်တိုဘာလကတည်းက ဘီးနီမြို့အနီးမှာ အရပ်သားရာပေါင်းများစွာကို ညတွင်းချင်းပုဆိန်များ၊ ရဲတင်းများနဲ့ အစုအလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ ဒီတိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းမသိရှိရသေးဘူးလို့ ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေ Reviewed by THITHTOOLWIN on 20:25 Rating: 5
Powered by Blogger.