ခိုးမှုဖြင့် ဖမ်းဆီးထားသူများအား စစ်ဆေးရာမှ စက်လှေ ၁၀စီး ခိုးယူခဲ့မှု ထပ်မံပေါ်ပေါက်



(ပုသိမ်) ဇွန် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့မရဲစခန်း(ပ) ၅၀/၂၁၀၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀ အမှုဖြင့် ချုပ်ရမာန်ရယူ စစ်ဆေးလျှက်ရှိသည့် မသင်္ကာတရားခံ ကျော်မြင့်ဦးနှင့် တင်ဦးတို့(၂)ဦးအား စစ်ဆေးရာမှ လွန်ခဲ့သော (၄) နှစ်မှ စ၍ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ စက်လှေ (၁၀) စီးအား ခိုးယူခဲ့သည်ဟု တရားခံ (၂) ဦးမှ ၀န်ခံခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှသတင်းထုတ်ပြန်သည်။


အဆိုပါတရားခံ(၂) ဦးသည် ဧရာဝတီတိုင်းဒေသကြီးအတွင်း ရှိ မြို့နယ်များမှ စက်လှေများအား လွန်ခဲ့သော (၄) နှစ် ခန့်မှစ၍ လှည့်လည်ခိုးယူခဲ့ခြင်းဖြစ်ပြီး ၎င်းတို့(၂) ဦးနှင့် အတူ တစ်ရွာတည်းနေ သူငယ်ချင်းဖြစ်သူ ချစ်ဆန်းဆိုသူလည်း ပါဝင်ခဲ့ကြောင်း သိရသည်။ စက်လှေများခိုးယူရာတွင် ပါဝင် ခဲ့သော ချစ်ဆန်းဆိုသူမှာ ထွက်ပြေးတိမ်းရှောင်နေသဖြင့် အမြန်ဆုံးဖမ်းဆီးရနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။




စက်လှေများလှည့်လည်ခိုးယူခဲ့သူများအား ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ ရဲစခန်းများဖြစ်သော ဖျာပုံမြို့မရဲစခန်း၊ ပန်းတနော်မြို့မရဲစခန်းနှင့် နောက်ပြန်တိုးနယ်မြေရဲစခန်းများ မှ အမှုဖွင့်ပြီး တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မင်း ထက်မုန်း
Ayeyarwaddy Times

ဓာတ်ပုံ - ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့

https://www.facebook.com/ayetimes
ခိုးမှုဖြင့် ဖမ်းဆီးထားသူများအား စစ်ဆေးရာမှ စက်လှေ ၁၀စီး ခိုးယူခဲ့မှု ထပ်မံပေါ်ပေါက် ခိုးမှုဖြင့် ဖမ်းဆီးထားသူများအား စစ်ဆေးရာမှ စက်လှေ ၁၀စီး ခိုးယူခဲ့မှု ထပ်မံပေါ်ပေါက် Reviewed by THITHTOOLWIN on 04:53 Rating: 5
Powered by Blogger.