မုံရွာတွင် မူးယစ်ဆေးဝါးများကို ဆာလာအိတ်အထုပ် ၃၀ ခန့်ဖြင့် ခြံဝင်းလပ်များ၊ အမှိုက်ပုံများတွင် စံချိန်တင် စွန့်ပစ်ခဲ့မှုဖြစ်ပွားခဲ့


မုံရွာ၊ ဇွန် ၁၉။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ဆာလာအိတ်များဖြင့် မူးယစ်ဆေးဝါးများ ထည့်ထားသော အထုပ် ၃၀ခန့်ကို ထန်းတောရပ်ကွက်နှင့် နန္ဒ၀န်ရပ်ကွက်တို့ရှိ လူမနေသော ခြံဝင်းလပ်များ၊ အမှိုက်ပုံများတွင် စံချိန်တင်စွန့်ပစ်ထားမှုအား ယနေ့(ဇွန် ၁၉) နံနက်ပိုင်းတွင် တွေ့ရှိခဲ့ကြောင်း နယ်မြေရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဆာလာအိတ်များတွင် နံပတ်စဉ်များ ရေးထိုးထားပြီး ထန်းတောရပ်ကွက်၊ မြဇီးခြံရပ် ကျေးဇူးရှင် ဘုန်းကြီးကျောင်းအုတ်တံတိုင်းအနီးတွင်လည်းကောင်း နန္ဒ၀န်ရပ်ကွက် တွင်လည်း နယ်မြေ ၇၊ ပခုက္ကူ ကျောင်းဓမ္မရုံဘေးနှင့် ၁၆လမ်းဘေး၊ သီရိမင်္ဂလမ်း တို့တွင် အိတ်များကို အပုံလိုက် ရဲတပ်ဖွဲ့မှ လိုက်လံသိမ်းဆည်းခဲ့ရကြောင်း သိရသည်။

" ပိုင်ရှင်ရှိလို့ ဒါတွေ စွန့်ပစ်တာပေါ့ ပိုင်ရှင်မဲ့ မဟုတ်ဘူး။ ပိုင်ရှင်ကို စုံစမ်းနေတာ"ဟု နယ်မြေရဲစခန်းမှ အရာရှိတစ်ဦးက ပြောသည်။


လမ်းဘေးတွင်တွေ့ရှိခဲ့သော အိတ်များတွင် အထုပ်များဖြင့် သေချာထုတ်ပိုးထားသော ပန်းရောင်စိတ်ကြွဆေးပြား အပြား တစ်သိန်း၊ ဘိန်းဖြူများထည့်ထားသော ဆပ်ပြာခွက် အထုပ်ပေါင်း ၁၀၇၁ ထုပ်ကို ရဲတပ်ဖွဲ့မှ စိစစ်သိမ်းဆည်းထားပြီး တန်ဖိုးများကို တွက်ချက်နေဆဲဖြစ်ကာ ထပ်မံ သိုဝှက်ထားမှုရှိမရှိ ကိုလည်း ၄င်းရပ်ကွက်များတွင် အမာခံသတင်းပေးများမှတဆင့် စုံစမ်းနေကြောင်း သိရသည်။

နယ်မြေ ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးသုးံသပ်ချက်ကို ထန်းတောရပ်ကွက် ရှိ ငါးလုပ်ငန်းဦးစီးဌာနပိုင် ညောင်ကိုင်းအင်း အတွင်း တရားမ၀င် ကျူးကျော်နေသော အိမ်ချြေများကို ရှင်းလင်းရာတွင် ပြဿ နာ မဖြစ်စေရေး ရဲတပ်ဖွဲ့မှ လုံခြုံရေးသွားယူခိုက် မသမာသူများမှာ ရဲများကိုတွေ့၍ ကြောက်လန့်ပြီး ပစ်ထားခဲ့ဟန် တူကြောင်း ပြောဆိုထားသည်။

စွန့်ပစ် မူးယစ်ဆေးဝါးအိတ်များကို ထန်းတောရပ်ကွက် အထက ၆ မှ ကျောင်းဆင်းလာသော ကျောင်းသားကျောင်းသူများကတွေ့ရှိပြီး မိဘများကို ပြန်ပြောရာမှ မသကာင်္ဖွယ်အထည်များအဖြစ် ရဲတပ်ဖွဲ့မှ စစ်တပ်နှင့်အတူ ရှင်းလင်းရေးလုပ်စဉ် ဘိန်းဖြူနှင့်စိတ်ကြွဆေးပါ အထုပ်များ ဖြစ်နေကြောင်းသိရှိရသည်။

နှင်းမောင်
Central News Myanmar
https://www.facebook.com/CNMyanmar
မုံရွာတွင် မူးယစ်ဆေးဝါးများကို ဆာလာအိတ်အထုပ် ၃၀ ခန့်ဖြင့် ခြံဝင်းလပ်များ၊ အမှိုက်ပုံများတွင် စံချိန်တင် စွန့်ပစ်ခဲ့မှုဖြစ်ပွားခဲ့ မုံရွာတွင် မူးယစ်ဆေးဝါးများကို ဆာလာအိတ်အထုပ် ၃၀ ခန့်ဖြင့် ခြံဝင်းလပ်များ၊ အမှိုက်ပုံများတွင် စံချိန်တင် စွန့်ပစ်ခဲ့မှုဖြစ်ပွားခဲ့ Reviewed by THITHTOOLWIN on 20:03 Rating: 5
Powered by Blogger.