ကျောက်တံခါးမြို့ ရင်းတိုက်ကုန်းသံလမ်းခုံးကွေ့အနီး ၁ဝ ဘီးကုန်တင်ယာဉ် တိမ်းမှောက် သုံးဦးသေ



ကျောက်တံခါး ဇွန် ၃ဝ

ပဲခူးတိုင်းဒေသကြီး ကျောက် တံခါးမြို့မရဲစခန်းအပိုင် ရန်ကုန်- မန္တလေးကားလမ်းဟောင်းမိုင်တိုင် အမှတ် ၁၁၇/၂နှင့် ၃အကြား ရင်း တိုက်ကုန်း သံလမ်းခုံးကွေ့အနီး၌ ယနေ့နံနက် ၆နာရီက ၁ဝဘီးကုန် တင်ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။


ရန်ကုန်ဘက်မှ မန္တလေးဘက် သို့ ယာဉ်မောင်း မောင်ဖြိုး(၂၁နှစ်) အေးသာယာမြို့ တောင်ကြီးမြို့နယ် နေသူမောင်းနှင်လာသော ၅ဃ။--- နစ်ဆန်း ဒီဇယ်အပြာရောင် ၁ဝဘီး ယာဉ်သည် နေကြာဖက်အိတ်များ တင်ဆောင်မောင်းနှင်လာစဉ် လမ်း အကွေ့၌ အရှိန်မထိန်းနိုင်ဘဲ လမ်း ၏ဝဲဘက်ခြမ်းလမ်းဘေးရေအိုင်စပ် သို့ ထိုးကျတိမ်းမှောက်ခဲ့ရာ ယာဉ် ပေါ်တွင်လိုက်ပါလာသော မချော ချော(၂၅နှစ်) ရပ်စောက်မြို့ တောင် ကြီးမြို့နယ်နေသူမှာ ဝဲမျက်ခုံး ပေါက်ပြဲ၊ နှာခေါင်းသွေးထွက် ဒဏ်ရာဖြင့် နေရာတွင်သေဆုံး၊ မအေးသီတာထွန်း(၂၅နှစ်) (လိပ် စာတူ)တွင် နှာခေါင်းသွေးထွက်၊ ဝဲခြေခုံပြတ်ရှဒဏ်ရာဖြင့် နေရာ တွင် သေဆုံး၊ ဒေါ်ခင်မြင့်ကြည် (၅ဝနှစ်) လျှားချောင်းကျေးရွာ လယ်ဝေးမြို့နယ်နေသူတွင် ဝဲဘက် ချိုစောင်းပေါက်ပြဲ နှာခေါင်းသွေး ထွက်ဒဏ်ရာဖြင့် နေရာတွင် သေဆုံးခဲ့ပြီး ဦးကျော်စိန်(၄၇နှစ်) မြို့သစ်မြို့ တောင်ကြီးမြို့နယ်နေသူ နှင့်ကျော်ဝင်းသိန်း(၃၄နှစ်) မြို့သစ် မြို့ တောင်ကြီးမြို့နယ်၊ မမီးရုပ် (၂ဝနှစ်) တောင်ကြီးမြို့နယ်နေသူ တို့ သုံးဦးမှာ ပွန်းပဲ့ဒဏ်ရာ ပြင်ပ လူနာမစိုးရိမ်ရတို့ အသီးသီးရရှိကာ ကျောက်တံခါးမြို့နယ် ပြည်သူ့ ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ယာဉ် မောင်းမှာ ထိခိုက်ဒဏ်ရာမရရှိ သော်လည်း ယာဉ်မှာရှေ့လေကာ မှန်ကွဲ ဝဲဘက်ခြမ်းဘော်ဒီပိန်ချိုင့် ပျက်စီးခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ရဲအုပ် ကျော်သူထက်က တရားလိုပြုလုပ် တိုင်တန်းကာ ကျောက်တံခါးမြို့မ ရဲစခန်းမှယာဉ်(ပ)၃ဝ/၂ဝ၁၇ ရာဇ သတ်ကြီးပုဒ်မ ၃ဝ၄-က/၃၃၇ အရ ယာဉ်မောင်း မောင်ဖြိုးအား အမှုဖွင့်အရေးယူဆောင်ရွက်ထား ကြောင်း သိရသည်။

ခင်ကို(ကျောက်တံခါး)
The Union Daily
https://www.facebook.com/uniondaily.net
ကျောက်တံခါးမြို့ ရင်းတိုက်ကုန်းသံလမ်းခုံးကွေ့အနီး ၁ဝ ဘီးကုန်တင်ယာဉ် တိမ်းမှောက် သုံးဦးသေ ကျောက်တံခါးမြို့ ရင်းတိုက်ကုန်းသံလမ်းခုံးကွေ့အနီး ၁ဝ ဘီးကုန်တင်ယာဉ် တိမ်းမှောက် သုံးဦးသေ Reviewed by THITHTOOLWIN on 17:47 Rating: 5
Powered by Blogger.