နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏ (၇၂) ပြည့်မွေးနေ့ အထိမ်းအမှတ် အခမ်းအနား ရန်ကုန်မြို့၌ ကျင်းပ


ရန်ကုန်၊ ဇွန် ၁၉

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၂) ပြည့် မွေးနေ့အထိမ်းအမှတ် အခမ်း အနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ရုံးချုပ်) ၌ ပြုလုပ် သည်။

အခမ်းအနားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဥာဏ်ဝင်းက မွေးနေ့အမှတ်တရစကားပြောကြားပြီး မွေးနေ့အခမ်းအနားကို တက်ရောက်လာကြသူများနှင့် အတူကျင်းပကာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုမွန်တောင်းခြင်း များ ပြုလုပ်ကြသည်။


အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးများ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

``အရင်နှစ်တွေတုန်းကတော့ မရောက်ဖြစ်ခဲ့ပါဘူး။ အဝေးကပဲ ဆုတောင်းပေးခဲ့ပါတယ်။ ဒီနှစ်မှာတော့ မွေးနေ့ပွဲကို အရောက်လာပြီး ပါဝင်ဆင်နွှဲခွင့်ရလို့ ၀မ်းသာတယ်။ အမေကျန်းမာပါစေ။ နိုင်ငံတော်အတွက် ဒီထက်မက ပိုမိုဆောင်ရွက်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်´´ ဟု အခမ်းအနား တက်ရောက်လာသူ ပုဇွန်တောင်မြို့နယ်မှ ဒေါ်အေးအေးမြကြည်က ပြောသည်။

ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ (၇၂) ပြည့်မွေးနေ့ အထိမ်းအမှတ် အဖြစ် အမျိုးသား ဒီမိုက ရေစီအဖွဲ့ချုပ်(ရုံးချုပ်)ရှေ့၌ သံဃာတော်များနှင့် သီလရှင်များကို ဆွမ်းနှင့် လှူဖွယ်ပစ္စည်း များကို ဆက်ကပ်လှူဒါန်းခဲ့သည်။

မွန်းလွဲပိုင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်းလူငယ်အဖွဲ့က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ မွေးနေ့အထိမ်းအမှတ်အဖြစ် (တတိယအကြိမ်မြောက်) ဂုဏ်ပြုသွေးလှူဒါန်းပွဲကို အမျိုးသားသွေးဌာန (ဗဟို) ၌ပြုလုပ်ခဲ့သည်။

သတင်းနှင့် ဓာတ်ပုံ - ဇော်ကြီး(ပဏီတ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏ (၇၂) ပြည့်မွေးနေ့ အထိမ်းအမှတ် အခမ်းအနား ရန်ကုန်မြို့၌ ကျင်းပ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏ (၇၂) ပြည့်မွေးနေ့ အထိမ်းအမှတ် အခမ်းအနား ရန်ကုန်မြို့၌ ကျင်းပ Reviewed by THITHTOOLWIN on 19:56 Rating: 5
Powered by Blogger.