ဘိုကလေးမြို့ ဧရာတမာစင်တင်စားသောက်ဆိုင်တွင် ဆိုင်လုပ်သားစားပွဲထိုးနှင့် စားသုံးသူများ ခိုက်ရန်ဖြစ်ပွါးပြီး ၂ ဦးစလုံး သေဆုံး


ဇွန်လ ၂၆ ရက်၊ ၂၀၁၇ ခုနှစ်။

ဘိုကလေးမြို့၊ ဘုရားချောင်းကျေးရွာအုပ်စု ကွင်းဝိုင်းပန်းခြံ ရှိ ဧရာတမာ စင်တင်ကာရာအိုကေ စားသောက်ဆိုင်အတွင်း ဇွန်လ ၂၄ ည ၁၁နာရီခွဲအချိန် တွင် စားသုံးသူများနှင့်ဆိုင်လုပ်သားစားပွဲထိုး တို့ခိုက်ရန်ဖြစ်ပွါးပြီး ၂ ဦးစလုံးသေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မင်းဇော်ဦးနှင့်ကြည်လွင်ဦး ပါ ၆ ဦးသည် ဧရာတမာ ဆိုင်တွင်စားသောက်အပြီး စာရင်းရှင်းစဉ် ဆိုင်လုပ်သား စားပွဲထိုး နေပိုင်(ခ)ဖိုးခွါးတို့ စကားများရန်ဖြစ်ကြပြီး မင်းဇော်ဦးနှင့်နေပိုင်တို့ ၂ ဦးစလုံး စကေဘာ ထိုးသွင်းဒါဏ်ရာများနှင့် သေဆုံးခဲ့ကြောင်း ဘိုကလေးမြို့မရဲစခန်းမှ သိရသည်။

အဆိုပါလူသတ်မှုများအတွက် ယခုအခါသေဆုံးသည့်နှစ်ဘက်စလုံးမှ ဘိုကလေးမြို့မရဲစခန်းတွင် အပြန်အလှန် အမှုဖွင့်ထားပြီး အမှုအခြေအနေမှာ ရှုပ်ထွေးနေသဖြင့် ဧရာတမာစားသောက်ဆိုင်ရှိ CCTV မှတ်တမ်းများကို ပြန်လည်ကြည့်ရှုနေကြောင်း ဘိုကလေးမြို့မ ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးထံမှသိရသည်။

ယခုအခါ မင်းဇော်ဦး သေဆုံးရမှုအတွက်ညီမဖြစ်သူမ ချောစု မှတိုင်ကြားမှုကြောင့် သေဆုံးသူ နေပိုင်(ခ)ဖိုခွား အား (ပ) ၁၃၆ /၂၀၁၇ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂ ဖြင့် ဘိုကလေးမြို့မရဲစခန်းမှ အမှုဖွင့်ထားပြီးသေဆုံးသူစားပွဲထိုး နေပိုင်(ခ)ဖိုးခွားအတွက် ဧရာတမာ စားသောက်ဆိုင် ဒု မန်နေဂျာဦးခင်မြင့် မှ တရားလိုပြုလုပ်၍ တိုင်ကြားမှု့ကြောင့် (ပ) ၁၃၇/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ. ၃၀၂/ ၁၁၄ ဖြင့် သေဆုံးသူ မင်းဇော်ဦးနှင့်အတူ လိုက်ပါလာသော ကြည်လွင်ဦးပါ ၅ ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း ဘိုကလေးမြို့မရဲစခန်းမှ သိရသည်။

ကျော်လင်း(ဘိုကလေး)
The Ayeyarwaddy Times
https://www.facebook.com/ayetimes
ဘိုကလေးမြို့ ဧရာတမာစင်တင်စားသောက်ဆိုင်တွင် ဆိုင်လုပ်သားစားပွဲထိုးနှင့် စားသုံးသူများ ခိုက်ရန်ဖြစ်ပွါးပြီး ၂ ဦးစလုံး သေဆုံး ဘိုကလေးမြို့ ဧရာတမာစင်တင်စားသောက်ဆိုင်တွင် ဆိုင်လုပ်သားစားပွဲထိုးနှင့် စားသုံးသူများ ခိုက်ရန်ဖြစ်ပွါးပြီး ၂ ဦးစလုံး သေဆုံး Reviewed by THITHTOOLWIN on 16:57 Rating: 5
Powered by Blogger.