ရွှေဘို တက္ကသိုလ် စာသင်ခန်းမျက်နှာ ကျက်ပြိုကျစဉ် ကျောင်းသားတစ်ဦး အော်ဟစ်သတိပေးခဲ့၍ သက်သာရာရခဲ့


ရွှေဘို၊ဇွန်-၂၆

ဇွန်လ ၂၆ ရက်နေ့ ယနေ့ နေ့လည်ခင်း ၁၁နာရီဝန်းကျင်အချိန် ရွှေဘိုတက္ကသိုလ် အဆောင်၆ အပေါ်ထပ်ရှိ သချာင်္ဘာသာရပ် စာသင်ခန်း မျက်နှာကျက် ပြိုကျမှုဖြစ်စဉ် တွင် ကျောင်းသားတစ်ဦးမှ အော်ဟစ်သတိပေးခဲ့၍သာ သက်သာရာရခဲ့ ခြင်းဖြစ်သည်ဟု ရွှေဘိုတက္ကသိုလ် သချာင်္ဌာနမှဆရာမတစ်ဦးကပြောသည်။


လက်ရှိညပိုင်းအချိန်ထိ ရွှေဘိုပြည်သူ့ဆေးရုံကြီးတွင် ကုသမှုခံယူနေသည့်ကျောင်းသား ကျောင်းသူဦးရေ ၄ဦးသာကျန်ရှိပြီး၊ အများစုကြီးမားသည့်ထိခိုက်ဒဏ်ရာမရှိခဲ့ဟုသိရသည်။

ယင်းစာသင်ခန်းသည် သချာင်္ဌာနဂုဏ် ထူးတန်းသင်ကြားသည့် အခန်းဖြစ်ပြီး မျက်နှာကျက်ပြိုကျချိန်တွင် ကျောင်းသားကျောင်းသူ ၇၄ဦးစာသင်ခန်းအတွင်းရှိနေခဲ့သည်ဟု သိရသည်။

ယင်းစာသင်ဆောင်သည် ၂၀၀၅ခုနှစ်မှစတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင်သက်တမ်း ၁၀နှစ်ကျော် ထိရှိနေပြီဖြစ်သည်။

Monywa Gazette
https://www.facebook.com/monywagazette/
ရွှေဘို တက္ကသိုလ် စာသင်ခန်းမျက်နှာ ကျက်ပြိုကျစဉ် ကျောင်းသားတစ်ဦး အော်ဟစ်သတိပေးခဲ့၍ သက်သာရာရခဲ့ ရွှေဘို တက္ကသိုလ် စာသင်ခန်းမျက်နှာ ကျက်ပြိုကျစဉ် ကျောင်းသားတစ်ဦး အော်ဟစ်သတိပေးခဲ့၍ သက်သာရာရခဲ့ Reviewed by THITHTOOLWIN on 20:37 Rating: 5
Powered by Blogger.