ခရီးသည်တင်ယာဉ်အပါအဝင် အမြန်လမ်း၌ ဖြတ်သန်းသည့်ယာဉ်များအားလုံး ခါးပတ်မပတ်ပါက အရေးယူမည်


နေပြည်တော် မေ ၃၁

ရန်ကုန်-မ္တလေးအမြန်လမ်းကို အသုံးပြု ကာ မောင်းနှင်သွားလာကြသည့် မော်တော်ယာဉ်များအားလုံးကို ပညာ ပေးအစီအစဉ်များ ပြုလုပ်ထားပြီးဖြစ်ခြင်း ကြောင့် ထိုင်ခုံခါးပတ်မပတ်သည်ကို စစ်ဆေးတွေ့ရှိပါက ဒဏ်ငွေပေးဆောင် ရန် စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

''ထိုင်ခုံခါးပတ် ပတ်ပြီး စီးကြဖို့ ကမ်ပိန်းတွေလည်း လုပ်ပြီးပါပြီ။ ပညာ ပေးအစီအစဉ်တွေလည်း လုပ်ဆောင် ထားပါတယ်။ အရေးကြီးတဲ့ကိစ္စဖြစ် တာကြောင့် ယာဉ်အ္တရာယ်မတော် တဆမှုတွေ ဖြစ်ပွားတာမျိုးဆိုရင် အများ ကြီး ဘေးကင်းစေဖို့အတွက် အရေးယူ သွားမှာဖြစ်ပါတယ်။ ဇွန်လကနေစပြီး တိုးဂိတ်တွေမှာလည်း စောင့်ကြည့်စစ် ဆေးသွားမှာဖြစ်သလို လမ်းမပေါ်မှာ လည်း စောင့်ကြည့်စစ်ဆေးသွားမှာ ဖြစ်ပါတယ်'' ဟု အမြန်လမ်းရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးထွန်းထွန်းဦးက ပြောသည်။

ရန်ကုန်၊ မ္တလေးနှင့် နေပြည်တော် ကဲ့သို့သော မြို့ကြီးများတွင် ထိုင်ခုံခါးပတ် တပ်ဆင်ခြင်း ရှိ မရှိ စစ်ဆေးမှုများ ပြုလုပ် လျက်ရှိပြီးစည်းကမ်းလိုက်နာမှုမရှိသည့် မော်တော်ယာဉ်များကို ဒဏ်ငွေ သုံး သောင်းကျပ်ဖြင့် အရေးယူမှုများ ပြုလုပ် နေသော်လည်း အမြန်လမ်းတွင် တိုးဂိတ်များ၌သာ စစ်ဆေးပေးနိုင်မည် ဖြစ်ပြီး နောက်ပိုင်းတွင် ယာဉ်မတော် တဆမှုဖြစ်ပွားခဲ့ပါက အသက်အ္တရာယ် ထိခိုက်မှုနည်းနိုင်သမျှ အနည်းဆုံးဖြစ်ရေး အတွက် ထိုင်ခုံခါးပတ်များ ပတ်ထားမှု ရှိမရှိကို ရှောင်တခင် စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

လိုက်နာခြင်းမရှိသည့် မော်တော် ယာဉ်များသည် သက်ဆိုင်ရာမြို့နယ်များရှိ တရားရုံးများတွင် ဒဏ်ငွေများပေးဆောင် ရမည်ဖြစ်ပြီး အမြန်လမ်းတွင် မတော် တဆယာဉ်တိမ်းမှောက်ခြင်းများ မကြာ ခဏဖြစ်ပွားမှုအတွက် အသိပညာပေး လုပ်ငန်းများကိုလည်း ဆက်တိုက်ပြုလုပ် ပေးနေကြောင်း သိရသည်။

သွန်းဝဿန်
ဓာတ်ပုံ- မေဦးမိုး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ခရီးသည်တင်ယာဉ်အပါအဝင် အမြန်လမ်း၌ ဖြတ်သန်းသည့်ယာဉ်များအားလုံး ခါးပတ်မပတ်ပါက အရေးယူမည်  ခရီးသည်တင်ယာဉ်အပါအဝင် အမြန်လမ်း၌ ဖြတ်သန်းသည့်ယာဉ်များအားလုံး ခါးပတ်မပတ်ပါက အရေးယူမည် Reviewed by THITHTOOLWIN on 07:45 Rating: 5
Powered by Blogger.