တိမ်းစောင်နစ်မြုပ်ရန် ဖြစ်ပေါ်ခဲ့သော ရေယာဉ်အား ကယ်ဆယ်


နေပြည်တော်၊ ဇွန် ၂၆

ကော့သောင်းမှ စစ်တွေသို့ ဘိလပ်မြေအိတ်များ တင်ဆောင်၍ထွက်ခွာလာသော ကုန်တင်ရေယာဉ် (MV-ပြည့်ဟိန်း)သည် ရာသီဥတုဆိုးရွားမှုကြောင့် ဇွန် ၂၄ ရက် ညပိုင်းတွင် အနောက်ဖရုံကာ ကျွန်းအနီး၌ ရေယာဉ်တိမ်းစောင်းနစ်မြုပ်ရန် အခြေအနေဖြစ်ပေါ်ခဲ့သဖြင့် လှေသား ၁၄ ဦးမှာ ရေယာဉ်မှစွန့်ခွာခဲ့ကြသည်။


ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ရန် ဇွန် ၂၅ ရက် နံနက်ပိုင်းတွင် တပ်မတော်(ရေ)မှ စစ်ရေယာဉ် တစ်စီးအား စေလွှတ်ခဲ့ရာ ၄င်းကုန်တင်ရေယာဉ်မှာ ရေစီးနှင့်မျောပါ၍ ဖရုံကာကမ်းခြေ ကျောက်တန်းပေါ်သို့ သောင်တင်နေပြီး လှေလုပ်သား တစ်ဦးမှမရှိကြောင်း တွေ့ရှိခဲ့ရသည်။


ထို့နောက် အနီးပတ်ဝန်းကျင်ကျေးရွာများသို့ လိုက်လံစုံစမ်းမေးမြန်းခဲ့ရာ စိုးမဲကြည်ကျေးရွာ၊ အုပ်ချုပ်ရေးမှူးနေအိမ်တွင် လှေသား ၁၄ ဦးရောက်ရှိနေကြောင်း သိရှိခဲ့ရပြီး ဇွန် ၂၅ ရက် ညနေပိုင်းတွင် သောင်တင်ရေယာဉ်(MV-ပြည့်ဟိန်း)အား လှေသားများထံသို့ ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds
တိမ်းစောင်နစ်မြုပ်ရန် ဖြစ်ပေါ်ခဲ့သော ရေယာဉ်အား ကယ်ဆယ် တိမ်းစောင်နစ်မြုပ်ရန် ဖြစ်ပေါ်ခဲ့သော ရေယာဉ်အား ကယ်ဆယ် Reviewed by THITHTOOLWIN on 16:09 Rating: 5
Powered by Blogger.