တောင်ငူမြို့တွင်း ယာဉ်တိုက်မှု တစ်ဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိ


တောင်ငူ ဇွန် ၂၉

တောင်ငူမြို့၊ အမှတ်(၉)ရပ်ကွက်၊ ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင်အမှတ် ၁၇၅/၃ နှင့် ၄ အကြား ရွှေဘိုလေးကွေ့၌ ဇွန် ၂၈ ရက်နေ့ ည ၈ နာရီအချိန်ခန့် ယာဉ်တိုက်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိကြောင်း သိရသည်။


အဆိုပါ ယာဉ်တိုက်မှု သတင်း အရ တောင်ငူယာဉ်ထိန်းတပ်ဖွဲ့စု(၁၂)မှ ရဲအုပ် မျိုးလွင်ဦး နှင့်အဖွဲ့သည် တောင်ငူမြို့မရဲစခန်းမှ တာဝန် မှူး ရဲအုပ် အောင်ကျော်လွင် ဦးစီးအဖွဲ့ပူးပေါင်း၍ စစ်ဆေးခဲ့ရာ ကားလမ်းအတိုင်း မြောက်မှတောင်သို့ ဖိုးထူး(ခ)မြစိုးလွင် ၄ဝ နှစ်၊ဇေယျသုခလမ်း၊ ၁၆ ရပ်ကွက်၊ တောင်ငူမြို့နေသူမောင်းနှင်ပြီး ဦးနိုင်လင်း(ခ) ဘခင် ၅၉ နှစ်၊ အမှတ်(၁၇)ရပ်ကွက်၊တောင်ငူမြို့နေသူလိုပါလာသည့်8F/---လိုက်ထရပ်ယာဉ်သည် အရှိန်လွန်၍ တဘက်ယာဉ်ကြောသို့ရောက်ရှိကာ ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ နေလင်းဦး ၂၇ နှစ်၊ ပဲခူးမြို့နေသူမောင်းနှင်ပြီး ကျော်ဇောထက် ၂ဝ နှစ်၊ ပဲခူးမြို့နေသူ လိုက်ပါလာသည့် 3E/--------နီဆန်း ၁၂ ဘီးကုန်တင်ယာဉ်အား ဝင်ရောက်တိုက်မိခဲ့ပြီးနောက် ကားလမ်းအနောက်ဖက်တွင် ၅ဝယ/-----ကင်ဒါ ၁၂၅ ဆိုင်ကယ်ဖြင့် ရပ်တန့်နေသော ဦးဖိုးဖြူ ၄၅ နှစ်၊ စက်ရုံဟောင်းလမ်း၊ ၁ဝ ရက်ကွက်၊ တောင်ငူမြို့ နေသူအား ဆက်လက်တိုက်မိခဲ့ကြောင်း သိရပါသည်။

ယာဉ်တိုက်မှုကြောင့် 8F/---လိုက်ထရပ်ယာဉ်ပေါ်တွင် လိုက်ပါလာ သူ ဦးနိုင်လင်း(ခ)ဘခင် ၅၉ နှစ်သည် ရရှိသော ဒဏ်ရာများဖြင့်နေရာတွင်သေဆုံးခဲ့ပြီး ယာဉ်မောင်း ဖိုးထူး(ခ)မြစိုးလွင် (စိုးရိမ်ရ)နှင့် ဆိုင်ကယ်စီးနင်းသူ ဦးဖိုးဖြူ တို့တွင်ဒါဏ်ရာများရရှိခဲ့၍ တောင်ငူဆေးရုံ ကြီးသို့တင်ပို့ခဲ့ရသည်။ ဖြစ်စဉ်နှင့်ပါတ်သက်၍ တောင်ငူမြို့မရဲစခန်းမှ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းသိရသည်။

ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
တောင်ငူမြို့တွင်း ယာဉ်တိုက်မှု တစ်ဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိ တောင်ငူမြို့တွင်း ယာဉ်တိုက်မှု တစ်ဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 20:29 Rating: 5
Powered by Blogger.