ကျောင်းစာသင်​ခန်းအတွင်း၌ ခုနစ်​တန်း​ကျောင်းသားအချင်းချင်း ဓားထိုးမှုဖြစ်​ပွား


ကချင်​ပြည်​နယ်​၊ ဗန်း​မော်​မြို့တွင်​ ​ကျောင်းစာသင်​ခန်းအတွင်း ခုနစ်​တန်း​ကျောင်းသားအချင်းချင်း ဓားထိုးမှုဖြစ်​ပွားခဲ့​ကြောင်း သိရသည်​။

ဖြစ်​စဉ်​မှာ ဇွန်​ ၂၇ ရက်​ ည​နေ ၃ နာရီ​ကျော်​ခန့်​က ဗန်း​မော်​မြို့၊ ​ညောင်​ပင်​ရပ်​ကွက်​၊ အ​ခြေခံပညာအထက်​တန်း​ကျောင်းခွဲ၊ အလက(၃)ရှိ သတ္တမတန်း(B)စာသင်​ခန်းအတွင်း၌ ​မောင်​​ဝေဖြိုး​အောင်​(ခ)ဟန်​မ်​ဆားရ်​(၁၂)နှစ်​၏ ဦး​ခေါင်းကို ဆွတ်​ဂျာ​​အောင်​(၁၂)နှစ်​က လက်​ဖြင့် ပုတ်​လိုက်​ရာ ​မောင်​​ဝေဖြိုး​အောင်​က လွယ်​အိတ်​ထဲပါလာသည့်​ အရိုးအသွား(၈)လက်​မခန့်​ရှိ ​မောင်းချဓားဖြင့်​ ထိုးလိုက်​ရာ ဆွတ်​ဂျာ​အောင်​၏ ဝဲဘက်​ရင်​အုံ​အောက်​ ထိုးသွင်းဒဏ်​ရာတစ်​ချက်​ (စိုးရိမ်​ရ) ရရှိခဲ့ပြီး ဗန်း​မော်​ပြည်​သူ့​ဆေးရုံကြီးသို့ အ​ရေး​ပေါ်တင်​ပို့ခဲ့ရသည်​။


အဆိုပါ ထူးခြားဖြစ်​စဉ်​ကြားသိရသည်​နှင့် တပြိုင်​နက်​ ​ခေတ္တခရိုင်​အုပ်​ချုပ်​​ရေးမှူးဦးညွန့်​စိုး၊ ခရိုင်​ရဲတပ်​ဖွဲ့မှူး ဒုရဲမှူးကြီး​အေးသွင်​၊ မြို့နယ်​ရဲတပ်​ဖွဲ့မှူး ရဲမှူး​ကျော်​​ကျော်​ခိုင်​ တို့က လာ​ရောက်​ကြည့်​ရှုစစ်​​ဆေးခဲ့ကြသည်​။
"​သွေး​ လေးပုလင်းသွင်းရတယ်​၊ ခုခွဲစိတ်​ခန်းက ထွက်​လာပါပြီ၊ ပြစ်​မှုကျူးလွန်​တဲ့ က​လေးကို ဗန်း​မော်​မြို့မရဲစခန်း ဒုရဲအုပ်​​ကျော်​​ကျော်​စိုးရဲ့ ထိန်းသိမ်းမှု​အောက်​မှာထားပြီး မနက်​ဖြန်​(ဇွန်​ ၂၈ ရက်​)မှာ တရားရုံးမှာ ထိန်းသိမ်းခွင့်​​တောင်းခံပါမယ်​"ဟု ဗန်း​မော်​မြို့မရဲစခန်းမှူးဒုရဲမှူးသိန်း​ဝေမြင့်​က ဒီမိုက​ရေစီတူ​ဒေးသတင်းစာသို့​ပြောသည်​။

ဖြစ်​စဉ်​နှင့်​ပတ်​သက်​ပြီး ​ဝေဖြိုး​အောင်​(ခ)ဟန်​မ်​ဆားရ်​(၁၂)နှစ်​၊ ကချင်​စု-​ညောင်​ပင်​ရပ်​၊ဗန်း​မော်​မြို့​နေသူအား ဗန်း​မော်​မြို့မရဲစခန်းက (ပ)၁၆၈/၂၀၁၇ ရာဇသတ်​ကြီးပုဒ်​မ ၃၂၆ ဖြင့်​ အမှုဖွင့်​ထား
ကြောင်း သိရသည်​။

ဗန်းမော်ပွင့်သစ်
ကျောင်းစာသင်​ခန်းအတွင်း၌ ခုနစ်​တန်း​ကျောင်းသားအချင်းချင်း ဓားထိုးမှုဖြစ်​ပွား ​ကျောင်းစာသင်​ခန်းအတွင်း၌ ခုနစ်​တန်း​ကျောင်းသားအချင်းချင်း ဓားထိုးမှုဖြစ်​ပွား Reviewed by THITHTOOLWIN on 21:55 Rating: 5
Powered by Blogger.