မသင်္ကာဖွယ်ဆိုင်ကယ်စီးနင်းလာသူတစ်ဦးအား ခြောက်လှန့်ပစ်ခတ်စဉ် သေဆုံး၊ ဆိုင်ကယ်အတွင်းမှ ခဲယမ်း များနှင့် စကားပြောစက် ၁လုံး သိမ်းဆည်းရမိ


နေပြည်တော်၊ ဇွန် - ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်အတွင်း လမ်းလုံခြုံရေးဆောင်ရွက် နေသည့် တပ်မတော် စစ်ကြောင်းသည် ဇွန် ၂၃ ရက်ည ၁၀ နာရီခွဲခန့်တွင် မူဆယ်မြို့၏ အရှေ့တောင်ဘက် ၁၃ မိုင်ခန့်အကွာရှိ မော်တောင်းရွာအ၀င်၌ နမ့်ဖတ်တန်ဘက်မှ မော်တောင်းဘက်သို့ မောင်းနှင်လာသည့် မသင်္ကာဖွယ်ဆိုင်ကယ် စီးနင်းလာသူတစ်ဦးအား စစ်ဆေးရန်ရပ်တန့်စေရာ ရပ်တန့်ခြင်းမရှိဘဲ အရှိန်ပြင်းစွာမောင်းနှင်ထွက်ပြေးခဲ့သဖြင့် တပ်မတော်သားတစ်ဦးက လက်နက်ငယ်ဖြင့် ခြောက်လှန့်ပစ်ခတ်တားဆီးခဲ့ရာ ဆိုင်ကယ် စီးနင်းသူမှာ လက်နက်ငယ်ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့သည်။

သေဆုံးသူအား စစ်ဆေးရာ TYT အမျိုးအစားလမ်းလျှောက်စကားပြောစက် ၁ လုံးကို တွေ့ရပြီး မော်တော် ဆိုင်ကယ်တူးဘောက်အတွင်းမှ ကျည် ၁၅ တောင့်ပါ အမ်-၂၂ ကျည်အိမ် ၁ခုနှင့်လက်ကိုင်ဖုန်း ၁ လုံးတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။

မြ၀တီ
https://www.facebook.com/mwdmedia/
မသင်္ကာဖွယ်ဆိုင်ကယ်စီးနင်းလာသူတစ်ဦးအား ခြောက်လှန့်ပစ်ခတ်စဉ် သေဆုံး၊ ဆိုင်ကယ်အတွင်းမှ ခဲယမ်း များနှင့် စကားပြောစက် ၁လုံး သိမ်းဆည်းရမိ မသင်္ကာဖွယ်ဆိုင်ကယ်စီးနင်းလာသူတစ်ဦးအား ခြောက်လှန့်ပစ်ခတ်စဉ် သေဆုံး၊ ဆိုင်ကယ်အတွင်းမှ ခဲယမ်း များနှင့် စကားပြောစက် ၁လုံး သိမ်းဆည်းရမိ Reviewed by THITHTOOLWIN on 19:41 Rating: 5
Powered by Blogger.