ဇူလိုင်လတွင် ၁၉၉၅ မော်ဒယ်နှင့် အောက် ခရီးသည်တင်ယာဉ်များ ပြေးဆွဲခြင်းမပြု


ရန်ကုန် ဇွန် ၂၇

ရန်ကုန်မြို့တွင်း ခရီးသည်တင် ယာဉ်လိုင်းစနစ်သစ် ဖော်ဆောင်လာ သည့်ကာလ နှစ်ဝက်နီးပါးရှိလာသော ဇူလိုင်လဆန်းမှ စ၍၁၉၉၅ မော်လ်ဒယ် နှင့်အောက်ခရီးသည်တင်ယာဉ်များ ပြေးဆွဲခြင်းမပြုတော့ဟု သိရသည်။

ယာဉ်အိုယာဉ်ဟောင်း အပ်နှံ လဲလှယ်ရေးအစီအစဉ်အရ ဇွန် ၂ဝ ရက် နောက်ဆုံးထားအပ်နှံရမည်။ ယာဉ်လိုင်းများတွင် အဆိုပါယာဉ်များ ပြေးဆွဲခြင်းကို ဇွန်လကုန်အထိ သက်ဆိုင်ရာမှ ခွင့်ပြုထားသည်ဟု သိရသည်။

မြို့တွင်းပတ် ယာဉ်လိုင်းသုံးလိုင်း တွင်ယာဉ်ကြီးများ မီနီဘတ်ယာဉ်ငယ် များပါပြေးဆွဲနေရာမှ မေလကုန်ပိုင်း မှစ၍ ယာဉ်ကြီးများဖြင့်သာ ပြေးဆွဲ လာခဲ့သည်။ သို့ဖြစ်ရာ မြို့တွင်းကား လမ်းမများပေါ်တွင် မီနီဘတ် ယာဉ်ငယ်များဖြင့် ခရီးသည်ပို့ဆောင် ခြင်းမမြင်ရသည်မှာ တစ်လဝန်းကျင် ရှိလာသည်။

သို့သော်နံနက် ၆ နာရီမတိုင်မီ နှင့်ညပိုင်းတို့တွင်မူ အခြားယာဉ်လိုင်း များမှ မီနီဘတ်ယာဉ်ငယ်အချို့ အဝါရောင်အများစု မြို့တွင်းပတ် ယာဉ်လိုင်း အချို့တွင် ကြားကားအဖြစ် ပြေးဆွဲနေသည်ကို မြင်တွေ့ရသည်ဟု မော်တင်မှ တာမွေပြန် ဈေးသည် ကိုနေဝင်းက ဆိုသည်။ ရက်အနည်းငယ် သာလိုသည့် ဇူလိုင်လဆန်းတွင်ယာဉ် အသစ်များ ပြေးဆွဲခြင်းရှိလာမည် ဖြစ်သည်။ ယာဉ်ကြီးအသစ်အချို့ ပြေးဆွဲမည့် ယာဉ်လိုင်းအချို့ကို အသိ ပေးခြင်းရှိလာ သည်။ ရောက်ရှိနေပြီး ယာဉ်အသစ်အားလုံးသည် ခရီးသည် တင်ယာဉ်များ အဖြစ် ဝင်ရောက် ပြေးဆွဲလာချိန်တွင် အမြင်အမျိုးမျိုး ဖြင့် ဝေဖန်ပြော ဆိုခြင်းများ သိသာစွာ လျော့ကျသွားမည်။

ခရီးသည်၊ ယာဉ်မောင်း၊ စီမံ အုပ်ချုပ်သူစသည့် ဘက်သုံးဘက်ညီ အသုံးပြု ဆောင်ရွက်လာပါက ဝန်ဆောင်မှုကောင်း ခံစားလာရမည်။ကာလတိုအစား ရေရှည်တည်တံ့သော ဝန်ဆောင်ခြင်းဖြစ်ရန် အရေးကြီး သည်ဟု ခရီးသည်များက ဆို သည်။

(မောင်စေအောင်)
https://www.facebook.com/MOIWebportalMyanmar/
ဇူလိုင်လတွင် ၁၉၉၅ မော်ဒယ်နှင့် အောက် ခရီးသည်တင်ယာဉ်များ ပြေးဆွဲခြင်းမပြု ဇူလိုင်လတွင် ၁၉၉၅ မော်ဒယ်နှင့် အောက် ခရီးသည်တင်ယာဉ်များ ပြေးဆွဲခြင်းမပြု Reviewed by THITHTOOLWIN on 07:54 Rating: 5
Powered by Blogger.