နာဂဒေသတွင် ရောဂါဖြင့် လူလေးဦးသေဆုံး


ခန္တီး ဇွန် ၂၈

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ် တကားကျေးရွာတွင် ဇွန် ၂ဝ ရက်မှစ၍ တုပ်ကွေးနှင့် ချောင်းဆိုးရင်ကျပ်ရောဂါများ ဖြစ်ပေါ်နေမှုကြောင့် ကလေးသုံးဦးနှင့် လူကြီးတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တကားကျေးရွာသို့ အရေးပေါ်ဆေးဝါးများကုသပေးနိုင်ရန် ခန္တီးမြို့မှ ဆရာဝန်ကြီးများသည် ဇွန် ၂၈ ရက် နံနက် ၉ နာရီတွင် စက်လှေဖြင့် စတင်ထွက်ခွာသွားပြီဖြစ်ကြောင်း ခရိုင်ဆရာဝန်ကြီး ဒေါက်တာညွန့်စိန်ထံမှ သိရသည်။

ခေါင်ရည်ချို(နာဂမြေ)
The Mirror Daily
https://www.facebook.com/TheMirrorDaily/
နာဂဒေသတွင် ရောဂါဖြင့် လူလေးဦးသေဆုံး နာဂဒေသတွင် ရောဂါဖြင့် လူလေးဦးသေဆုံး Reviewed by THITHTOOLWIN on 10:09 Rating: 5
Powered by Blogger.