အမေရိကန် နိုင်ငံ က မြောက်ကိုရီးယား နိုင်ငံခြားရေး ကိုယ်စားလှယ် အဖွဲ့၏ ခရီးဆောင် အိတ်များကို တရားမဝင် သိမ်းဆည်း ခဲ့သည့် အတွက် ပြစ်တင်ဝေဖန်ခံရ

အမေရိကန် နိုင်ငံ ရဲတပ်ဖွဲ့ မှ တပ်ဖွဲ့ဝင် များအား မြင်တွေ့ရစဉ်(ဆင်ဟွာ)
   ပြုံယမ်း ၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)

    အမေရိကန် နိုင်ငံ လုံခြုံရေး ဌာန မှ တာဝန်ရှိသူများသည် နယူးယောက်လေဆိပ် တွင် မြောက်ကိုရီးယား နိုင်ငံ မှ နိုင်ငံခြာားရေး ကိုယ်စားလှယ် အဖွဲ့၏ ခရီးဆောင် အိတ်များကို တရားမဝင် သိမ်းဆည်းခဲ့သဖြင့် အမေရိကန် နိုင်ငံ အား ဖြေရှင်းချက်ပေးရန် ဇွန်လ ၁၈ ရက်နေ့က ပြစ်တင်ပြောကြား ခဲ့သည်။

မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာန ၏ ဖော်ပြချက်အရ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ က နိုင်ငံခြားရေး ကိုယ်စားလှယ် အဖွဲ့သည် ဇွန်လ ၁၆ ရက်နေ့၌ ကုလသမဂ္ဂ တွင် အစည်းအဝေး တက်ရောက်ပြီး မြောက်ကိုရီးယား နိုင်ငံသို့ ပြန်ရန် လေဆိပ်သို့ ရောက်ရှိစဉ် အမေရိကန် နိုင်ငံ လုံခြုံရေးဌာန မှ ဝန်ထမ်းများ နှင့် ရဲတပ်ဖွဲ့ဝင် တို့မှ ခရီးဆောင်အိတ်များကို တရားမဝင် သိမ်းဆည်း ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ပြောရေးဆိုခွင့်ရှိသူ က အမေရိကန် တာဝန်ရှိသူ ၂၀ ကျော်သည် လေဆိပ်တွင် ကြိုတင်စောင့်ဆိုင်းကာ ယခုကဲ့သို့ ဆောင်ရွက်ခဲ့ခြင်းသည် ကြိုတင်ကြံစည်မှု တစ်ရပ်ဖြစ်ပြီး မြောက်ကိုရီးယား နိုင်ငံ အချုပ်ခြာအာဏာ ကို ကျူးလွန်ရာရောက်ကြောင်း ၊ မြောက်ကိုရီးယား နိုင်ငံ အစိုးရ အနေဖြင့် ပြင်းထန်စွာ ပြစ်တင်ရှုံ့ချပြီး အမေရိကန် နိုင်ငံ အား ယခု ကိစ္စရပ် ကြောင့် အလွန်ကြီးမားသည့် နောက်ဆက်တွဲ အကျိုးဆက်များ ဖြစ်ပွားမည် ကို သတိပေးကြောင်း ပြောကြား ခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
အမေရိကန် နိုင်ငံ က မြောက်ကိုရီးယား နိုင်ငံခြားရေး ကိုယ်စားလှယ် အဖွဲ့၏ ခရီးဆောင် အိတ်များကို တရားမဝင် သိမ်းဆည်း ခဲ့သည့် အတွက် ပြစ်တင်ဝေဖန်ခံရ အမေရိကန် နိုင်ငံ က မြောက်ကိုရီးယား  နိုင်ငံခြားရေး ကိုယ်စားလှယ် အဖွဲ့၏ ခရီးဆောင် အိတ်များကို တရားမဝင် သိမ်းဆည်း ခဲ့သည့် အတွက် ပြစ်တင်ဝေဖန်ခံရ Reviewed by THITHTOOLWIN on 15:49 Rating: 5
Powered by Blogger.