မိုးကြိုးပစ်​ပြီး အ​ဆောက်​အဦး မီး​လောင်​ရာမှ အမျိုးသားနှစ်​ဦး ​သေဆုံးမှု ဖြစ်ပွား


ဖားကန့်​ ၊ ဇွန်​ ၁၈

ကချင်​ပြည်​နယ်​ ဖားကန့်​မြို့နယ်​ လုံးခင်​​ကျေးရွာအုပ်​စု ရပ်​ကွက်​(၁) လုံးခင်​​နယ်​​မြေရဲစခန်း​ဟောင်​​မြေ​နေရာတွင်​ ဇွန်​လ ၁၈ ရက်​​နေ့ ည ၁၂ နာရီး​ကျော်​က အ​ဆောက်​အဦး တစ်​လုံးအား မိုးကြိုးပစ်​ပြီး မီး​​လောင်​ရာမှ အမျိုးသားနှစ်​ဦး ​သေဆုံးမှု ဖြစ်ပွားခဲ့​ကြောင်း သိရသည်​။

နှစ်​ထပ်​သွပ်​မိုး အ​ဆောက်​အဦးအား မီး​လောင်​​နေ​ကြောင်း သိရှိရသဖြင့် ဖားကန့်​မြို့နယ်​မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ တင်​​မောင်​တိုး ဦးစီးပြီး မီးသတ်တပ် ​ဖွဲ့ဝင်​များဖြင့် မီးငြိမ်းသတ်​ယာဉ်​​ ၄ စီးဖြင့် ဒေသခံပြည်​သူများ ပူး​ပေါင်းပြီး သွား​ရောက်​ငြိမ်းသတ်​ခဲ့​ကြောင်း သိရသည်​။

မီး​လောင်​မှု​ကြောင့် နှစ်​ထပ်​သွပ်​မိုး မီး​လောင်​ကျွမ်း​ခဲ့ပြီး မီး​လောင်​မှုနှင့် ပတ်​သတ်​၍ စစ်​​ဆေး​တွေ့ရှိချက်​များအရ မိုးကြိုးပစ်​ချပြီး လျှပ်​စစ်​စီးဝင်​ကာ မီး​လောင်​ခြင်းဖြစ်ကြောင်း မီး​လောင်​မှု​ကြောင့်​ အ​ဆောက်အဦးတစ်​လုံး ကာလတန်းဖိုး​ငွေကျပ်​(၄၅၀၀၀၀)ခန့်​ ဆုံးရှုံးခဲ့သည့်အပြင်​ အ​ဆောက်​အဦးအတွင်း ဝင်​​ရောက်​ မိုးခိုနားသူ အမည်​မသိ အမျိုးသားနှစ်​ဦး မီး​လောင်​ဒဏ်​ရာများဖြင့် သေဆုံးမှုဖြစ်ပွား ခဲ့​ကြောင်း သိရသည်​။

ဖြစ်​စဉ်​နှင့် ပတ်​သက်​၍ နယ်​​မြေရဲစခန်း(လုံးခင်​)မှ အမှုဖွင့် ဆောင်​ရွက်​ထားရှိ​ကြောင်း သိရသည်​။

မင်းထွန်း​ဇော်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မိုးကြိုးပစ်​ပြီး အ​ဆောက်​အဦး မီး​လောင်​ရာမှ အမျိုးသားနှစ်​ဦး ​သေဆုံးမှု ဖြစ်ပွား မိုးကြိုးပစ်​ပြီး အ​ဆောက်​အဦး မီး​လောင်​ရာမှ အမျိုးသားနှစ်​ဦး ​သေဆုံးမှု ဖြစ်ပွား Reviewed by THITHTOOLWIN on 17:02 Rating: 5
Powered by Blogger.