ပျောက်ဆုံးနေသည့် တရိန်းကျေးရွာသား ဦးကိုကိုသိန်းအား သေဆုံးလျက်ပြန်လည်တွေ့ရှိ


ဇွန်၂၆၊၂၀၁၇

မောင်တောမြို့နယ် ကြိမ်ချောင်းကျေးရွာအုပ်စု တရိန်းကျေးရွာနေ ဒေသခံရွာသား ၄ ဦးသည် ဇွန် ၂၄ ရက်နံနက်ပိုင်းက လိပ်ရှာသွားရာမှအပြန် အကြမ်းဖက်သမားများက ဓားဖြင့်ဝိုင်းဝန်းခုတ်မှုဖြစ်ပွားစဉ်တွင် ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသူ နှစ်ဦးအနက် ဦးအောင်ကျော်၏ ရုပ်အလောင်းကို ဇွန် ၂၅ ရက်က ပြန်လည်တွေ့ရှိခဲ့မှုအား သတင်းထုတ်ပြန်ထားပြီးဖြစ်သည်။

ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသူ နှစ်ဦးအနက် ကျန်ရှိ ပျောက်ဆုံးနေသော ဦးကိုကိုသိန်း ၃၉ နှစ်အား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကျေးရွာသားများက ဆက်လက်ရှာဖွေခဲ့ရာ ဇွန် ၂၆ ရက် မွန်းလွဲ၁ နာရီ ၁၀ မိနစ်တွင် တရိန်းရွာ၏ အရှေ့မြောက်ဘက်ရှိတောင်စောင်းတစ်နေရာတွင် ဦးကိုကိုသိန်း ၏ရုပ်အလောင်းအား အနက် ၃ ပေခန့် မြေကျင်းတူး၍ မြှုပ်ထားသည်ကို ပြန်လည်တွေ့ရှိရပြီး အလောင်းကိုစစ်ဆေးရာ လည်ပင်းနှင်ညာလက်ပြင်တို့တွင်ပြတ်ရှဒဏ်ရာများနှင့် ကျောပြင်ညိုမဲဒဏ်ရာများဖြင့်ပြန်လည်တွေ့ရှိခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဦးကိုကိုသိန်း၏ ရုပ်အလောင်းအား မောင်တောဆေးရုံသို့ပို့ဆောင်ခဲ့ပြီး တရားခံများဖမ်းဆီးရမိနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံး၊ သတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom/
ပျောက်ဆုံးနေသည့် တရိန်းကျေးရွာသား ဦးကိုကိုသိန်းအား သေဆုံးလျက်ပြန်လည်တွေ့ရှိ ပျောက်ဆုံးနေသည့် တရိန်းကျေးရွာသား ဦးကိုကိုသိန်းအား သေဆုံးလျက်ပြန်လည်တွေ့ရှိ Reviewed by THITHTOOLWIN on 21:36 Rating: 5
Powered by Blogger.