အာဖဂန် ပြည်တွင်းဘဏ်တစ်ခု ပေါက်ကွဲမှု ဖြစ်ပွား၊ လူ ၁၅ ဦး သေဆုံး

အာဖဂန်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် ပြည်တွင်းဘဏ်ခွဲ တစ်ခုနေရာသို့  ရောက်ရှိလာသည့် အာဖဂန် လုံခြုံရေးတပ်ဖွဲ့များအား တွေ့ရစဉ် (ဆင်ဟွာ)
    လက်ရှ်ခါဂါ၊ အာဖဂန်နစ္စတန်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)

    အာဖဂန်နစ္စတန်နိုင်ငံ တောင်ဘက် ဟဲလ်မန်ပြည်နယ် မြို့တော် လက်ရှ်ခါဂါရှိ ပြည်တွင်း ဘဏ် တစ်ခု၌ ဇွန်လ ၂၂ ရက်က သေနတ်ပစ်ခတ်မှုနှင့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၅ ဦး သေဆုံးပြီး အခြားသူ ၅၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်က ပြောသည်။

“ကနဦး သတင်းအချက်အလက်တွေအရ နေ့လည်ပိုင်းက လက်ရှ်ခါဂါမြို့က ကဘူးလ်ဘဏ်ခွဲ တစ်ခုမှာ အသေခံ ကားဗုံးဖောက်ခွဲမှုနဲ့ သေနတ်ပစ်ခတ်မှုတွေကြောင့် လူ ၁၅ ဦးခန့် သေဆုံးပြီး ၅၀ ဦး ဒဏ်ရာရရှိခဲ့တယ်” ဟု ပြည်နယ် အစိုးရ ပြောရေးဆိုခွင့်ရှိသူ အိုမာဇွက်က ဆင်ဟွာသို့ ပြောသည်။

“ဒဏ်ရာရသူတွေကို နီးစပ်ရာ ဆေးရုံကို ပြောင်းရွှေ့ပေးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတွေကလဲ ဆက်လက် မြင့်တက်ဖွယ်ရှိပါတယ်” ဟု ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့က ယင်းနေရာ တဝိုက်အား လုံခြုံရေးအတွက် ဖြတ်သန်းသွားလာခွင့် ပိတ်ထားကြောင်း၊ ယင်း တိုက်ခိုက်မှုနှင့် ပတ်သက်၍ မည်သူ၏ လက်ချက်ဟု မသိရှိရသေးကြောင်းနှင့် ထို ပြည်နယ်မှာ တာလီဘန်တို့ အခိုင်အမာ တပ်စွဲထားသော ဘိန်း စိုက်ပျိုးမှုဖြင့် နာမည်ကြီးနေသည့် နေရာ ဖြစ်ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
အာဖဂန် ပြည်တွင်းဘဏ်တစ်ခု ပေါက်ကွဲမှု ဖြစ်ပွား၊ လူ ၁၅ ဦး သေဆုံး အာဖဂန် ပြည်တွင်းဘဏ်တစ်ခု ပေါက်ကွဲမှု ဖြစ်ပွား၊ လူ ၁၅ ဦး သေဆုံး Reviewed by THITHTOOLWIN on 18:51 Rating: 5
Powered by Blogger.