ပုသိမ်မြို့နယ်မှာ သေဆုံးနေတဲ့ တောဆင်ရိုင်း တစ်ကောင်တွေ့ ရှိ


ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်၊ သလပ်ခွာသစ်တောဘိနယ် အကွက် အမှတ်(၂၇)တွင် တောဆင်ရိုင်း(၁)ကောင် သေဆုံးနေကြောင်း ဇွန်လ ၁၃ ရက်နေ့ နေ့ လည် ၁၂ နာရီ အချိန်တွင် သိရှိသည်။

 သတင်းအရ သလပ်ခွာနယ်မြေရဲစခန်းမှူး ရဲအုပ် ၀င်းမြင့်ထွန်း ဦးစီး(၂+၄)ဦး၊ သတင်းရဲတပ်ဖွဲ့မှ ရဲတပ်ကြပ်ကြီး ချစ်ဦး၊ ပုသိမ်မြို့နယ်သစ်တောဦးစီးဌာနမှ တောခေါင်း ဦးဝင်းဦးနှင့် မဒေါကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျင်သန်းတို့ ပူးပေါင်းအဖွဲ့သည် သွားရောက်ကြည်ရှု စစ်ဆေးခဲ့ပါသည်။

 တောဆင်ရိုင်းမှာ အလျား(၁၁)ပေ၊ အမြင့် (၆)ပေ၊ လုံးပတ်(၁၄)ပေ၊ နှာမောင်းအရှည် (၅)ပေ၊ အမြှီးအရှည်(၅)ပေ၊ ရှေ့ခွာ(၅)ခု၊ နောက်ခွာ(၄)ခုရှိ အနက်ရောင်ဆင်ထီး(၁)ကောင် ဖြစ်ပြီး ပြင်ပဒဏ်ရာ မတွေ့ရှိဘဲ မြောက်ဘက်သို့ ဦးခေါင်းပြူ၍ ပုဆစ်တုပ်အနေအထားဖြင့် သေဆုံးနေသည်ကို စစ်ဆေးတွေရှိရပါသည်။

 အဆိုပါဆင်သေဆုံးမှုနှင့် ပက်သက်၍ ပုသိမ်သစ်ထုတ်လုပ်ရေးမျ ဆင်ဆရာဝန် ဒေါက်တာ လင်းလင်းထွန်းထံ ဆက်သွယ်အကြောင်းကြားထားကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်

ပုသိမ်မြို့နယ်မှာ သေဆုံးနေတဲ့ တောဆင်ရိုင်း တစ်ကောင်တွေ့ ရှိ ပုသိမ်မြို့နယ်မှာ သေဆုံးနေတဲ့ တောဆင်ရိုင်း တစ်ကောင်တွေ့ ရှိ Reviewed by THITHTOOLWIN on 11:25 Rating: 5
Powered by Blogger.