ထောက်ကြန့် (၄)လောင်းပြိုင် အမှု ၁ နှစ် နီးပါး အကြာမှာ ရဲ သတင်းထုတ်

ထောက်ကြန့် လေးလောင်းပြိုင် Photo Credit - MOI
ထောက်ကြန့်မြို့နယ် လေးလောင်းပြန်လူသတ်မှုနဲ့ ပတ်သတ်လို့ တနှစ်နီးပါးအကြာမှာ ရဲတပ်ဖွဲ့က ပထမဦးဆုံးအကြိမ်အဖြစ် တွေ့ရှိချက်ကို ထုတ်ပြန်ခဲ့ပါတယ်။

ရဲစစ်ဆေးတွေ့ရှိချက်တွေအရ သေဆုံးသူ ရဲအရာရှိဟောင်း ကိုစိုးနောင်တို့ ဇနီးမောင်နှံအပါအ၀င် မိသားစုလေးဦး သေဆုံးခဲ့တဲ့ အမှုနဲ့ ပတ်သတ်လို့ ကိုစိုးနောင်မှာ မိသားစုစီးပွားရေး အကျပ်အတည်းနဲ့ စိတ်မတည်ငြိမ်မှုတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

မှုခင်းဆရာဝန်ကြီးရဲ့ တွေ့ရှိချက်ကို ကိုးကားကာ ကိုစိုးနောင် ရရှိတဲ့ ဒဏ်ရာမှာ စိတ်မတည်ငြိမ်တဲ့ အချိန် ကိုယ့်ဘာသာကိုယ် ထိုးသွင်းတဲ့ ဒဏ်ရာဖြစ်တယ်လို့ အဆိုပါထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဒါ့အပြင် သေဆုံးသူ အနီးမှာ တွေ့ရတဲ့ ဓားမှာ သေဆုံးသူရဲ့ ဓားဖြစ်တယ်လို့ ဆိုပါတယ်။

မင်္ဂလာဒုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ ကိုယ်စားလှယ် ဒေါ်သန္တာမိုး က လူတယောက် အနေနဲ့ အခုလို လုပ်နိုင်လောက်တဲ့ အခြေအနေ ရှိ၊ မရှိ ပြန် သုံးသပ်ဖို့ လိုပြီး အမှုမှန် ပေါ်ပေါက်ရေး အမြန်ဆုံး ဆောက်ရွက်သင့်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဒီအမှုဟာ ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၀ရက်နေ့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အမှုစုံစမ်းစစ်ဆေးမှု ကြန့်ကြာနေမှုအပေါ် လူအများက ဝေဖန်မှုတွေရှိခဲ့ပါတယ်။ ဒီလိုဝေဖန်မှုတွေ ဖြစ်နေချိန်မှာပဲ အခုလို ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဘီဘီစီမြန်မာပိုင်း
BBC Burmese
https://www.facebook.com/bbcburmese/
ထောက်ကြန့် (၄)လောင်းပြိုင် အမှု ၁ နှစ် နီးပါး အကြာမှာ ရဲ သတင်းထုတ် ထောက်ကြန့် (၄)လောင်းပြိုင် အမှု ၁ နှစ် နီးပါး အကြာမှာ ရဲ သတင်းထုတ် Reviewed by THITHTOOLWIN on 16:34 Rating: 5
Powered by Blogger.