ဆိုင်ကယ်အသုံးပြု၍ လုယက်သူနှစ်ဦးအား ဖမ်းဆီးရမိ

ဆိုင်ကယ်အသုံးပြု၍ လုယက်သူနှစ်ဦးအား ပတ်ဝန်းကျင်နေပြည်သူများနှင့် ရဲတပ်ဖွဲ့ဝင်များက ပူးပေါင်း ဖမ်းဆီးရမိသဖြင့် အမှုဖွင့်အရေးယူ
ရန်ကုန်၊ ဇွန် ၂၆

တောင်ဥက္ကလာပမြို့နယ်နေ မ------သည် ဇွန်လ ၂၅ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်တွင် နေအိမ်မှ သံသုမာလမ်းပေါ်ရှိ ပါရမီဆေးဆိုင်သို့ ဆေးဝယ်ယူပြီး စက်ဘီးဖြင့် နေအိမ်သို့ပြန်လာစဉ် ယဿဝတီလမ်းထိပ်အရောက်၌ နောက်ဘက်မှ အမျိုးသားနှစ်ဦး စီးနင်းလာသော ဆိုင်ကယ် လိုက်ပါလာပြီး ၎င်းစီးနင်းလာ သောစက်ဘီးရှေ့ခြင်းအတွင်း ရေစိုးခံအိတ်ဖြင့် ထည့်ထားသည့် Kenbo အမျိုးအစားလက်ကိုင်ဖုန်းနှင့်ငွေကျပ် (၁၃၀၅၀)တို့အား ဆွဲယူမောင်းနှင်ထွက်ပြေးသွားသဖြင့် ပတ်ဝန်းကျင်သို့ အကူအညီတောင်းခံရာ လှည့်ကင်းတာဝန်ကျရဲတပ်ဖွဲ့ဝင်များနှင့် ပတ်ဝန်းကျင်နေပြည်သူများက လုယူသွားသူများအား လိုက်လံဖမ်းဆီးခဲ့စဉ် လုယူသွားသူများမောင်းနှင်သောဆိုင်ကယ်မှာ ၎င်းနေရာအနီး၌ လဲကျသွားသဖြင့် ပြစ်မှုကျူးလွန်သူနှစ်ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးသူများအား စစ်ဆေးရာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေသူများဖြစ်သည့် စာကလေး(ခ)ကျော်မျိုး ထက်၊ (၂၇)နှစ်နှင့် စည်သူနောင်၊ (၂၆)နှစ်တို့ဖြစ်ပြီး ၎င်းတို့နှစ်ဦးအား တောင်ဥက္ကလာပမြို့မရဲစခန်း(ပ)၆၂၄ /၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂/၁၁၄ဖြင့် အမှုဖွင့်ပြီး အခြားလုယက်မှုများ ကျူးလွန်ထားခြင်းရှိ/မရှိ တိုက်ဆိုင်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice/
ဆိုင်ကယ်အသုံးပြု၍ လုယက်သူနှစ်ဦးအား ဖမ်းဆီးရမိ ဆိုင်ကယ်အသုံးပြု၍ လုယက်သူနှစ်ဦးအား ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 16:16 Rating: 5
Powered by Blogger.