ဖုန်းငွေဖြည့်ကဒ်များခိုးမှုဖြင့် အသက် ၁၃ နှစ်ဝန်ကျင်ရှိ ကလေးငယ် ၃ ဦး ဖမ်းဆီး


ဇွန်လ ၁၄

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် ဇွန်လ ၁၁ ရက်နေ့လည် ၃ နာရီအချိန့်တွင် တောင်ရင်းကျေးရွာအုပ်စုအတွင်းရှိ နေအိမ်တအိမ်အတွင်းမှ ဖုန်းငွေဖြည့်ကဒ်များအား အသက်မပြည့်သော ကလေးငယ်များမှ ခိုးယူခဲ့ကြောင်းသိရသည်။


 နယ်ထိန်းခေါင်းဆောင် ရဲအုပ်ကျော်နီထွန်း ဦးဆောင်သောရဲတပ်ဖွဲ့နှင့် ကုလာဘာတောင်ကျေးရွာရာအိမ်မှူး ဦးမောင်သန်းခင် တောင်ရင်းကျေးရွာရာအိမ်မှူးဦးအောင်ဆန်းတို့နှင့် အတူ ဇွန်လ၁၂ရက်နေ့တွင် လှည့်ကင်းဆောင်ရွက်နေစဉ် အရာရှိရပ်ကွက် နဂါးကျောင်းအနီး ဖြတ်လမ်း ၁ လမ်းမပေါ်တွင် မသင်္ကာဖွယ်လူငယ်တစ်ဦးတွေ့ရှိ၍ စစ်မေးရာ ဖြိုးမင်းပိုင် ၁၃ နှစ် အရာရှိရပ်ကွက်နေသူဖြစ်ပြီး ၄င်းထံမှ ဖုန်းငွေဖြည့်ကဒ် Telenor ၁၀၀၀ ကျပ်တန် ၂၉ ကဒ် Oredro ၁၀၀၀ ကျပ်တန် ၂၉ ကဒ် MPT ၁၀၀၀ ကျပ်တန် ၁၁ ကဒ်တို့အား ရှာဖွေတွေ့ရှိခဲ့ပြီး စခန်းသို့ ခေါ်ဆောင်စစ်ဆေးရာ တောင်ရင်ကျေးရွာမှ နေအိမ်တအိမ်မှ စိုးမိုးအောင် ၁၄ နှစ် နိုင်လင်းဇော် ၁၂ နှစ်တို့အတူ ခိုးယူခဲ့ကြောင်းသိရသည်။

 စုစုပေါင်းငွေဖြည့်ကဒ် ၆၉ ကဒ် ခိုးယူခဲ့သူ ဖြိုးမင်းပိုင် စိုးမိုးအောင် နိုင်လင်းဇော်တို့ကို ဥပဒေပုဒ်မ ၃၈၀/၅၄ဖြင့် ကျောက်ဖြူ ရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း ကျောက်ဖြူရဲစခန်းမှသိရသည်။

ဓါတ်ပုံ - ဟန်ထူးဇော်/DMG
Development Media Group
https://www.facebook.com/dmgnewsagency/
ဖုန်းငွေဖြည့်ကဒ်များခိုးမှုဖြင့် အသက် ၁၃ နှစ်ဝန်ကျင်ရှိ ကလေးငယ် ၃ ဦး ဖမ်းဆီး ဖုန်းငွေဖြည့်ကဒ်များခိုးမှုဖြင့် အသက် ၁၃ နှစ်ဝန်ကျင်ရှိ ကလေးငယ် ၃ ဦး ဖမ်းဆီး Reviewed by THITHTOOLWIN on 20:45 Rating: 5
Powered by Blogger.