AirAsia X လေယာဉ်တုန်ခါမှုဖြစ်ပွားပြီးနောက် အရေးပေါ်ဆင်းသက်ခဲ့ရ


မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကို သွားနေတဲ့ AirAsia X လေယာဉ်ဟာ အင်ဂျင်ပြဿနာကြောင့် တုန်ခါမှုဖြစ်ပေါ်ခဲ့ ပြီးနောက်၊ သြစတြေးလျနိုင်ငံကို ပြန်လှည့်ပြီး ဆင်းသက်ခဲ့ရတယ်လို့ ဇွန်လ(၂၅)ရက်နေ့ သတင်းအရ သိရပါတယ်။

 ခရီးသည်များ တင်ဆောင်ပြီး ထွက်ခွာလာတဲ့ လေယာဉ်ဟာ မိနစ်(၉၀)အကြာမှာ နည်းပညာဆိုင်ရာချွတ်ယွင်းချက်ကြောင့် Perth (ပါ့သ်)မြို့ကို ပြန်လှည့်ဖို့ဆုံးဖြတ်ခဲ့တယ်လို့ လေယာဉ်မှူးကဆိုပါတယ်။

အဆိုပါ လေယာဉ်ဟာဇွန်လ(၂၅)ရက်နေ့ ဒေသစံတော်ချိန်(၁၀)နာရီမှာ ဘေးကင်းစွာဆင်းသက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဖြစ်ပေါ်လာနိုင်တဲ့ ရေပေါ်ဆင်းသက်မှုအတွက်လည်း ရေတပ်အရေးပေါ်ဝန်ဆောင်မှု အဖွဲ့များက Perth (ပါ့သ်)မြို့မြောက်ပိုင်းမှာ အဆင်သင့်ပြင်ဆင်ထားခဲ့ တယ်လို့ ရဲတပ်ဖွဲ့ရဲ့ပြောကြားချက်အရ သိရပါတယ်။

AirAsia Xလေကြောင်းလိုင်းက အဆိုပါ ဖြစ်ရပ်နောက်ကွယ်က နည်းပညာပိုင်းဆိုင်ရာ ကိစ္စကိုတော့ အသေးစိတ်ပြောကြားခြင်း မရှိခဲ့ပါဘူး။ ခရီးသည်များရဲ့ ဘေးကင်းလုံခြုံရေးက ကျွန်တော်တို့ရဲ့ ဦးစားပေးဖြစ်တယ်လို့ AirAsia X မှထုတ်ပြန်ထားပါတယ်။

ဒီလအစောပိုင်းကလည်း China Eastern လေကြောင်းလိုင်းမှ ပိုင်ဆိုင်တဲ့ Airbus A330 လေယာဉ်ရဲ့ အင်ဂျင်တွေထဲက တစ်လုံးမှာ အပေါက်ကြီးတစ်ခုဖြစ်ပေါ်ခဲ့တာကြောင့် ဆစ်ဒနီမြို့မှာအရေးပေါ် ဆင်းသက်ခဲ့ရတယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/
AirAsia X လေယာဉ်တုန်ခါမှုဖြစ်ပွားပြီးနောက် အရေးပေါ်ဆင်းသက်ခဲ့ရ AirAsia X လေယာဉ်တုန်ခါမှုဖြစ်ပွားပြီးနောက် အရေးပေါ်ဆင်းသက်ခဲ့ရ Reviewed by THITHTOOLWIN on 16:28 Rating: 5
Powered by Blogger.