Mandalay Kitchen (မြနန္ဒာ) စား​သောက်​ဆိုင်​တွင်​ မီး​လောင်​မှုဖြစ်​ပွား


မေ ၂၀

မေလ ၂၀ရက်​​နေ့ နံနက်​ ၄နာရီ ၁၀မိနစ်​ အချိန်​ခန့်​က မန္တ​လေးမြို့၊ ချမ်း​အေးသာစံမြို့နယ်​၊ ကမ်းနားလမ်းရှိ Mandalay Kitchen (မြနန္ဒာ) စား​သောက်​ဆိုင်​ လျှပ်​စစ်​ထိန်းချုပ်​ခန်းအတွင်းရှိ မီးဘုတ်​ခုံ အပူလွန်​ကဲရာမှတဆင့်​ မီး​လောင်မှုဖြစ်​ပွားကြောင်း သိရသည်။

မီး​လောင်​မှုဖြစ်​ပွားရာသို့ တိုင်း​ဒေသကြီးမီးသတ်​ဦးစီးမှူးဦးသန်း​ဇော်​ဦး ဦးစီးသည့်​ သ​န္ဓေနှင့်​ အရံမီးသတ်​တပ်​ဖွဲ့ဝင်​ ၁၅၀ ဦး၊ မီးငြှိမ်းသတ်​ယာဉ်​ ၅၀ စီး၊ အုပ်​ချုပ်​မှုယာဉ်​ ၂ စီး၊ ကြက်​​ခြေနီတပ်​ဖွဲ့ဝင်​ ၇၀ ဦးဖြင့်​ ငြှိမ်းသတ်​ခဲ့ရာ ၄ နာရီ ၅၀ မိနစ်အချိန်​တွင်​ မီးငြိမ်းကြောင်း မီးသတ်မှတ်တမ်းများအရ သိရသည်​။


မီး​လောင်​မှု​ကြောင့်​ ၁၀၀ ပေ × ၆၀ ​ပေရှိ အ​ဆောက်​အဦ တစ်​လုံး၊ ၃၀ ပေ × ၁၅ ပေ ပျဉ်​မိုး ပျဉ်​ကာ အ​ဆောက်​အဦ တစ်​လုံး တန်​ဖိုး ၈၅သိန်းနှင့်​ အတွင်းပစ္စည်းများ တန်​ဖိုး ၁၅ သိန်း၊ စုစု​ပေါင်း ၁၀၀ သိန်းကျပ်​ မီး​လောင်​ဆုံးရှုံးသည်​။

မီး​လောင်​မှုနှင့်​ပတ်​သက်​၍ မီး​လောင်​မှုဖြစ်​ပွား​စေရန်​ လျှပ်​စစ်မီးအား ​ပေါ့ဆစွာအသုံးပြုသူ ဆိုင်​တာဝန်​ခံ ဦး​ကျော်ဇေယျကို အမှတ်​(၆)နယ်​​မြေရဲစခန်းမှ အမှုဖွင့်​ အ​ရေးယူထားရှိ​ကြောင်း သိရသည်​။

Ah Lin Nge
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal
Mandalay Kitchen (မြနန္ဒာ) စား​သောက်​ဆိုင်​တွင်​ မီး​လောင်​မှုဖြစ်​ပွား Mandalay Kitchen (မြနန္ဒာ) စား​သောက်​ဆိုင်​တွင်​ မီး​လောင်​မှုဖြစ်​ပွား Reviewed by THITHTOOLWIN on 10:52 Rating: 5
Powered by Blogger.