မြတ်မန္တလာထွန်း ခရီးသည်တင်ယာဉ်အား KIA လက်နက်ကိုင်အဖွဲ့က မီးရှို့ဖျက်ဆီးပြီး ခြိမ်းခြောက်စာပေး


နေပြည်တော် မေ ၁၉

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ အတွင်း မူဆယ်မှ မန္တလေးဘက်သို့ မောင်းနှင်လာသည့် မြတ်မန္တလာထွန်း ခရီးသည်တင်ယာဉ်အား KIA လက်နက်ကိုင်အဖွဲ့ အင်အား ၁ဝ ဦး ခန့်က ယနေ့ညနေ ၃ နာရီ မိနစ် ၂ဝ ခန့်တွင် မူဆယ်မြို့ ခိုမုန်းကျေးရွာအနီး မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စု လမ်းမကြီး မိုင်တိုင်အမှတ် (၂၅၇)နေရာ၌ ယာဉ်အား ဓာတ်ဆီများဖြင့် ဖျန်း၍ မီးရှို့ဖျက်ဆီးကာ ယာဉ်မောင်း ထံသို့ ဆက်ကြေးကောက်ခံသည့် ခြိမ်းခြောက်စာတစ်စောင် ပေးပြီး အရှေ့ဘက်သို့ ဆုတ်ခွာသွားကြောင်း သိရသည်။

ဖြစ်စဉ်တွင် လူထိခိုက်ဒဏ်ရာ ရရှိမှုမရှိသော်လည်း အပြစ်မဲ့ခရီးသွား ပြည်သူများ၏ ခရီးဆောင်အိတ်များ နှင့် လူအသုံးအဆောင်ပစ္စည်းများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည်။

ယာဉ်မောင်းထံသို့ ပေးခဲ့သော ဆက်ကြေးကောက်ခံသည့် ခြိမ်း ခြောက်စာတွင် ''သက်ဆိုင်ရာ ကားကြီးကွင်းများ(မူဆယ်၊ ကွတ်ခိုင်ပြည်ထောင်စုကားလမ်းမကြီး) မိမိ KIO ကွတ်ခိုင်ခရိုင် အမှတ်(၉) တပ်ရင်းတွင် နှစ်စဉ် နှစ်တိုင်း ထမ်း ဆောင်လျက်ရှိသော အခွန်များကို ထမ်းဆောင်ခြင်း မပြုသေးပါက မေ ၁၈ ရက်မှစ၍ အရေးယူသွားမည်ဖြစ် ကြောင်း သတိပေးလိုက်သည်''ဟု ခြိမ်းခြောက်ရေးသားကာ ဆက်ကြေး ကောက်ခံတောင်းဆိုထားကြောင်း သိရသည်။

(သတင်းစဉ်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
မြတ်မန္တလာထွန်း ခရီးသည်တင်ယာဉ်အား KIA လက်နက်ကိုင်အဖွဲ့က မီးရှို့ဖျက်ဆီးပြီး ခြိမ်းခြောက်စာပေး  မြတ်မန္တလာထွန်း ခရီးသည်တင်ယာဉ်အား KIA လက်နက်ကိုင်အဖွဲ့က မီးရှို့ဖျက်ဆီးပြီး ခြိမ်းခြောက်စာပေး Reviewed by THITHTOOLWIN on 09:48 Rating: 5
Powered by Blogger.