အဆင့်မြင့် ဆက်သွယ်ရေး HYT စက်များအသုံးပြု၍ ပြစ်မှုကျူးလွန်သူများအားအချိန်တိုအတွင်း ဖမ်းဆီးအရေးယူလျက်ရှိ


မန္တလေး မေ ၂၆

မန္တလေးခရိုင် ခုနစ်မြို့နယ်အတွင်း အဆင့်မြင့်ဆက်သွယ် ရေး HYT စက်များကို အသုံးပြု၍ ပြစ်မှုကျူးလွန်သူများကို အချိန်တိုအတွင်း ဖမ်းဆီးအရေးယူနေမှုနှင့်ပတ်သက်၍ အမှတ်(၄)နယ်မြေရဲစခန်းမှ ရဲအုပ်မြတ်ကျော်သူက '' ဒီ ဆက်သွယ်ရေးစက်က စခန်းတစ်ခုနဲ့ တစ်ခုကို အလျင် အမြန်ချိတ်ဆက်နိုင်ပြီး မန္တလေးခရိုင်တစ်ခုလုံးကို တစ်ပြိုင်နက်တည်း ညွှန်ကြားမှုပေးနိုင်တဲ့အတွက် တစ်နေရာမှာ တစ်စုံတစ်ခုဖြစ်ပြီ ဆိုတာနဲ့ ပြစ်မှုကျူးလွန်သူ ရဲ့ ပုံသဏ္ဌာန်၊ ဆိုင်ကယ်အမျိုးအစားကို သိတာနဲ့ အနီးစပ် ဆုံးစခန်းတွေနဲ့ လှည့်ကင်းတွေက အချိန်တိုအတွင်းမှာပဲ အရေးယူဆောင်ရွက်နိုင်ခဲ့တာ အခုဆို လေး၊ ငါး၊ ခြောက်မှု ရှိပါပြီ''ဟု ပြောသည်။

''အရင်အသုံးပြုတဲ့ သာမန်လက်ကိုင်စက်တွေက ပုသိမ်ကြီးကနေ အမရပူရကို ဆက်သွယ်ချင်ရင် ဆက် သွယ်လို့မရဘူး။ လိုင်းမမိတာတွေ၊ လိုင်းကျပ်တာတွေ ဖြစ်တယ်။ အခုဒီစက်က လုံခြုံရေးစနစ်တွေလည်းပါတယ်။ တစ်ပြိုင်နက်တည်း မန္တလေးတစ်ခရိုင်လုံးကို ချက်ချင်း ဆက်သွယ်လို့ရတယ်။ တပ်ဖွဲ့ဝင်တစ်ယောက် က ဒီစက် ကို အသုံးပြုပြောဆိုဆက်သွယ်လိုက်တာနဲ့ စက်ကိုင်တဲ့ သူအားလုံးက သိရှိပါတယ်''ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ယခုအခါ ယင်းဆက်သွယ်ရေးစက်များကို စခန်းမှူး၊ မြို့နယ်မှူးအပြင် နယ်ထိန်းခေါင်းဆောင်များ၊ လှည့်ကင်း ဆောင်ရွက်နေသော အဖွဲ့ခေါင်းဆောင်များအတွက် အလုံး ၁ဝဝ ခန့် သုံးစွဲလျက်ရှိသည်။

မန္တလေးတိုင်းဒသကြီးအတွင်း မှုခင်းကြိုတင် ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုရန် မေ ၂၃ ရက်က လှူဒါန်းထားသော လှည့်ကင်းဆိုင်ကယ်များ သည် အဆင့်မြင့်အင်ဂျင်အချက်ပြမီးများ၊ ဆက်သွယ်ရေး စနစ်များအပြင် အရေးတကြီးပြောဆိုနိုင်မည့် မိုက်ကရို ဖုန်းများ၊ ဟွန်းများ ပါဝင်ကာ လက်ရှိတွင် နယ်မြေရဲစခန်း အသီးသီး၌ တစ်စီးနှုန်းဖြင့် အသုံးပြုဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
အဆင့်မြင့် ဆက်သွယ်ရေး HYT စက်များအသုံးပြု၍ ပြစ်မှုကျူးလွန်သူများအားအချိန်တိုအတွင်း ဖမ်းဆီးအရေးယူလျက်ရှိ အဆင့်မြင့် ဆက်သွယ်ရေး HYT စက်များအသုံးပြု၍ ပြစ်မှုကျူးလွန်သူများအားအချိန်တိုအတွင်း ဖမ်းဆီးအရေးယူလျက်ရှိ Reviewed by THITHTOOLWIN on 08:29 Rating: 5
Powered by Blogger.