ရန်​ကုန်​-မန္တ​လေး အမြန်​လမ်းမကြီးတွင်​ Hilux SURF ​မော်​​တော်​ယာဉ်​ အုတ်​ခုံတိုက်​ တစ်​ဦး​သေ/တစ်​ဦးဒဏ်​ရာရ


နေပြည်​​တော်​၊ ​မေ ၂၀

ရန်​ကုန်​-မန္တ​လေး အမြန်​လမ်းမကြီး၏ မိုင်​တိုင်​အမှတ်​ ၃၃၁/၃ နှင့် ၄ အကြား ​နေပြည်​​တော်​ဘက်​မှ မန္တ​လေးဘက်​သို့ ယာဉ်​​မောင်း လင်းပြည့်​​အောင်​ ​မောင်းနှင်​လာ​သော Hilux SURF ​မော်​​တော်​ယာဉ်​မှာ မေလ ၂၀ ရက်နေ့ ယ​နေ့ နံနက်​​စော​စော ၂ နာရီခွဲခန့်​က ယာဉ်​​မောင်းအိပ်​ငိုက်​ပြီး အရှိန်​မထိမ်းနိုင်​ဘဲ လမ်းလယ်​ကပ်​တုံးများတိုက်​မိပြီး လမ်းလယ်​ကျွန်း​ပေါ်​ရော်​ရှိကာအုတ်​ခုံအားထပ်​မံတိုက်​မိသည်​။


ဖြစ်​စဉ်​​ကြောင့် ယာဉ်​​ပေါ်တွင်​ ယာဉ်​​မောင်းပါ အမျိုးသား နစ်​ဦးအနက်​ တစ်​ဦး​သေဆုံးပြီး တစ်​ဦးဒက်​ရာရရှိခဲ့သည်​။ဒ ဏ်​ရာရှိသူနှင့် သေဆုံးသူရုပ်​အ​လောင်းအား ပြင်​စည်​အမြန်​လမ်းရဲတပ်​ဖွဲ့ပိုင်​​မော်​​တော်​ယာဉ်​ဖြင့် နွားထိုးကြီး​ဆေးရုံသို့ ပို့​ဆောင်​​ပေးခဲ့​ကြောင်း သိရသည်​။


သို့ပါ၍ ယာဉ်​ကို​ပေါ့ဆစွာ မဆင်​မခြင်​​မောင်းနှင်​သူယာဉ်​​မောင်းအား ပြင်​စည်​အမြန်​လမ်းရဲတပ်​ဖွဲ့မှယာဉ်​(ပ)/၂၀၁၇၊ ရာဇသတ်​ကြီးပုဒ်​မ ၃၀၄(က)/၃၃၈ အရအမှုဖွင့် ထား​ကြောင်း သိရသည်​။

သန်းဦး(​လေးမျက်​နှာ) ။ ဓာတ်​ပုံ/အမြန်​လမ်းရဲတပ်​ဖွဲ့
Nan Myat Oo (fb)
ရန်​ကုန်​-မန္တ​လေး အမြန်​လမ်းမကြီးတွင်​ Hilux SURF ​မော်​​တော်​ယာဉ်​ အုတ်​ခုံတိုက်​ တစ်​ဦး​သေ/တစ်​ဦးဒဏ်​ရာရ ရန်​ကုန်​-မန္တ​လေး အမြန်​လမ်းမကြီးတွင်​ Hilux SURF ​မော်​​တော်​ယာဉ်​ အုတ်​ခုံတိုက်​ တစ်​ဦး​သေ/တစ်​ဦးဒဏ်​ရာရ Reviewed by THITHTOOLWIN on 11:09 Rating: 5
Powered by Blogger.