အမြန်​လမ်းတွင်​ ခရီးသည်​တင်​ Express နှစ်​စီး ​နောက်​ယာဉ်​မှ ​ရှေယာဉ်​၀င်​တိုက်

နေပြည်​​တော်​၊​မေ ၁၉

ရန်​ကုန်​ -မန္တ​လေးအမြန်​လမ်းမကြီး ဒိုက်​ဦးမြို့နယ်​ မိုင်​တိုင်​အမှတ်​ ၅၀/၁ နှင့်၅၀/၂ အကြား ​နေပြည်​​တော်​ဘက်​မှ ရန်​ကုန်​ဘက်​သို့ ယာဉ်​​မောင်း ​အောင်​သူ ​မောင်းနှင်​လာ​သော ​ရွှေနတ်​သား ခရီးသည်​တင်​ Express ယာဉ်​မှာ မေလ ၁၉ရက်နေ့ ယ​နေ့နံနက်​​စော​စော ၂ နာရီခွဲက ယာဉ်​​မောင်းအိပ်​ငိုက်​ပြီး ​ရှေ့မှ ယာဉ်​​မောင်း ဦးလှဝင်း​အောင်​ ​မောင်းနှင်​​နေ​သော စိန်​ကမ္ဘာ-​ငွေကမ္ဘာခရီးသည်​တင်​ Express ယာဉ်​အား နောက်​မှ ၀င်​တိုက်​ခဲ့သည်​။


ဖြစ်​​စဉ်​​ကြောင့် ​ရွှေနတ်​သား ခရီးသည်​တင်​ ယာဉ်​​မောင်းမှာ အခင်းဖြစ်​ပွားရာ ​နေရာမှ ထွက်​​ပြေး တိမ်း​ရှောင်​သွားခဲ့ပြီး စိန်​ကမ္ဘာ-​ငွေကမ္ဘာ Expressယာဉ်​မှ ယာဉ်​​မောင်းပါ ခရီးသည်​ စုစု​ပေါင်း (၃၇)ဦးမှာ ထိခိုက်​မှု မရှိ​သော်​လည်း၊​ ရွှေနတ်​သား Express ယာဉ်​မှ ယာဉ်​​မောင်းပါ သံဃာတစ်​ပါး အမျိုးသား ၁၂ ဦး ၊ အမျိုးသမီး ၅ ဦး ၊​ ပေါင်း (၁၈)ဦးအနက်​ သံဃာတစ်​ပါးနှင့် အမျိုးသား ၅ ဦးမှာ ဒဏ်​ရာ(မစိုးရိမ်​ရ)ရရှိ သွားခဲ့သည်​။


 ဒဏ်​ရာရရှိသူများအား ​ဘောနီအမြန်​လမ်းရဲတပ်​ဖွဲ့စခန်းပိုင်​ ​မော်​​တော်​ယာဉ်​ဖြင့် ပဲခူး​ဆေးရုံသို့ပို့​ဆောင်​​ပေးခဲ့ရသည်​။ သို့ပါ၍ ယာဉ်​ကိုမဆင်​မခြင်​​ပေါ့ဆစွာ ​မောင်းနှင်​သူ ​ရွှေနတ်သား ခရီးသည်​ယာဉ်​​မောင်းအား ​ဘောနီ အမြန်​လမ်းရဲတပ်​ဖွဲ့စခန်းမှ အမှုဖွင့်ထား​ကြောင်း သိရသည်​။

သန်းဦး(​လေးမျက်​နှာ)
ဓာတ်​ပုံ/အမြန်​လမ်းရဲတပ်​ဖွဲ့
Nan Myat Oo (fb)
အမြန်​လမ်းတွင်​ ခရီးသည်​တင်​ Express နှစ်​စီး ​နောက်​ယာဉ်​မှ ​ရှေယာဉ်​၀င်​တိုက်​ အမြန်​လမ်းတွင်​ ခရီးသည်​တင်​ Express နှစ်​စီး ​နောက်​ယာဉ်​မှ ​ရှေယာဉ်​၀င်​တိုက်​ Reviewed by THITHTOOLWIN on 07:28 Rating: 5
Powered by Blogger.