ကျောက်တံခါးမြို့နယ်တွင် လူသတ်မှုဖြစ်


ကျောက်တံခါး မေ ၂၇

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ အိုင်တုံကွင်းကြိုးဝိုင်း သစ်ထုတ်လုပ်ရေးလမ်း ဟောင်း အနောက်ဖက်လျှိုမြှောင်အတွင်း မေ ၂၆ ရက် ညပိုင်းက ဓါးဒဏ်ရာဖြင့်သေဆုံးနေသော အမျိုးသားအလောင်းတွေ့ရှိရကြောင်းသတင်းအရ ညောင်ပင်သာနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် စိုးလွင် ဦးစီးအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ မှောက်လျက်အနေအထားဖြင့် လည်ပင်းအနောက်မှ ယာ ဘက်အရှေ့ပါးအထိပြတ်ရှဒါဏ်ရာဖြင့်သေဆုံးနေသူမှာ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ကျီးမနိုးကျေးရွာအုပ်စု စိမ့်ကြီးကျေးရွာနေ ဦးစိုင်း ၅၁ နှစ် ဖြစ်ကြောင်းသိရှိခဲ့ရသည်။

၎င်းသည် မေ ၂၅ ရက်နေ့ နံနက် ၇ နာရီ အချိန်ခန့်က နေထိုင်ရာကျေးရွာမှ အိုင်တုံကွင်းကြိုးဝိုင်း အကွက်အမှတ် ၁၄ နှင့် ၁၄ အကြားရှိ တောင် ယာသို့ထွက်ခွာသွားခဲ့ခြင်းဖြစ်ပြီး နေအိမ်သို့ပြန်လည်ရောက်ရှိလာခြင်းမရှိ၍ မိသားစုဆွေမျိုးများက လိုက် လံရှာဖွေရာမှ ယခုကဲ့သို့ သေဆုံးနေသည်ကိုတွေ့ရှိခဲ့ဖြစ်ကြောင်းသိရသည်။ အမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ညောင်ပင်သာနယ်မြေရဲစခန်း က အမှုဖွင့်စစ်ဆေးလျက်ရှိ ကြောင်းသိရသည်။

 ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ကျောက်တံခါးမြို့နယ်တွင် လူသတ်မှုဖြစ် ကျောက်တံခါးမြို့နယ်တွင် လူသတ်မှုဖြစ် Reviewed by THITHTOOLWIN on 18:15 Rating: 5
Powered by Blogger.