နမ့်ဆန်မြို့နယ်အတွင်း ခဲယမ်းများသယ်ဆောင်လာသော မော်တော်ယာဉ်တစ်စီး သိမ်းဆည်းရမိ


နေပြည်တော် မေ ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ဆန်မြို့နယ်အတွင်း TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့သည် ဟိုမိန်းဘက်မှ ပန်စရီဘက်သို့ ခဲယမ်းများသယ်ဆောင်လာကြောင်း သတင်းရရှိသဖြင့် တပ်မတော်စစ်ကြောင်း က သွားရောက်ရှင်းလင်းခဲ့ရာ မေလ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်တွင် နမ့်ဆန်မြို့၏ အနောက်မြောက်ဘက် မီတာ ၄၀၀၀ ခန့်အကွာရှိ နမ့်ခေးရွာအနီးအရောက်၌ မြောက်ဘက်မှတောင်ဘက်သို့ မောင်းနှင်လာသည့် မသင်္ကာဖွယ်ဆိုင်ကယ်တစ်စီးနှင့် အဖြူရောင်မော်တော်ယာဉ် တစ်စီးတို့သည် ဆက်လက်မောင်းနှင်ခြင်း မရှိဘဲ ရပ်တန့်သွားပြီး မော်တော်ယာဉ်ပေါ်ပါသူများသည် ဆိုင်ကယ်ဖြင့် မြောက်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့သည်။

အဆိုပါရပ်တန့်ထားခဲ့သည့်မော်တော်ယာဉ်အား ရှာဖွေစစ်ဆေးရာ ပွိုင့်-၅၀ ကျည် ၄၅၀ တောင့်၊ RPG ဒုံးသီး ၁၀ လုံးနှင့် RPG ပို့ကျည် ၁၀ တောင့်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds
နမ့်ဆန်မြို့နယ်အတွင်း ခဲယမ်းများသယ်ဆောင်လာသော မော်တော်ယာဉ်တစ်စီး သိမ်းဆည်းရမိ နမ့်ဆန်မြို့နယ်အတွင်း ခဲယမ်းများသယ်ဆောင်လာသော မော်တော်ယာဉ်တစ်စီး သိမ်းဆည်းရမိ Reviewed by THITHTOOLWIN on 10:25 Rating: 5
Powered by Blogger.