ကျောက်တံခါးမြို့ စာတိုက်ရပ်ကွက်တွင် ကလေးငယ် နှစ်ဦး ရေနစ်သေဆုံး


ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့မရဲစခန်းအပိုင်တွင် မေ(၃၀) ရက် မွန်းလွဲပိုင်းက ကျောင်းသား ကလေးငယ်နှစ်ဦး မြေတူးထားသော ကန်အတွင်း ရေဆင်းကူးရာမှ ရေနစ်သေဆုံးခဲ့မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 ဖြစ်စဉ်မှာ စာတိုက်ရပ်ကွက် ခေတ္တရာ (၆)လမ်း သုသာန်အနီးရှိ အလျား ပေ (၇၀) အနံ ပေ (၄၀)၊ ရေအနက် (၁၅)ပေခန့်ရှိ မြေသားပေါင်ဖို့ထားတဲ့ ရေကန်ဟောင်းမှာ (၁၂ နှစ်) အရွယ်ကလေးငယ်(၂)ဦး ကန်အတွင်းရေဆင်းကူးကြရာကနေ ရေနစ်သေဆုံးခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

 အဲဒီကလေး(၂)ဦး ရေဆင်းကူးရာမှာ ပြန်မပေါ်လာလို့ အနီးမှာ ဆော့ကစားနေတဲ့ (၁၃)နှစ်သားအရွယ် ကလေးငယ်တစ်ဦးက လူကြီးတွေကို ပြန်လည်ပြောကြားရာမှာ ရေကူးကျွမ်းကျင်သူတွေက စုပေါင်း ရေငုပ်လိုက်လံရှာဖွေခဲ့ရာ ရေနစ်သေဆုံးနေတဲ့ ကလေးငယ်တွေကို တွေ့ရှိခဲ့ရပြီး ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမတွေ့ရှိရကြောင်း သိရပါတယ်။

 ကလေးတွေကို ကယ်ဆယ်နိုင်ဖို့ ကြိုးစားခဲ့သူ တစ်ဦးဖြစ်တဲ့ ကျေးရွာကာလသားခေါင်းဆောင် ကိုစိုးနိုင်ဝင်းက ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့တာနဲ့ ပတ်သက်တာတွေကို အခုလိုပြောပါတယ်။ဒီကန်မှာက မကြာသေးမီကလည်း ကလေး နှစ်ဦး ရေနစ်ဖူးပြီး အချိန်မီကယ်တင်နိုင်လို့ ဘာမှမဖြစ်ကြကြောင်း၊ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ရပ်ကွက်ထဲက လူကြီးတစ်ယောက် ထပ်မံ ရေနစ်ကြောင်း၊ ရေကန်ကို အကာအရံလုပ်ထားသင့်ကြောင်း ကျေးရွာမှ ရာအိမ်မှူး ကိုကျော်ဦးက ပြောပါတယ်။

 ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကလေးငယ်(၂)ဦးတို့ သေဆုံးရတာဟာ ဓမ္မတာအတိုင်းသေဆုံးရခြင်း ဟုတ်/မဟုတ် စစ်ဆေးအတည်ပြုနိုင်ဖို့အတွက် ကျောက်တံခါးမြို့မရဲစခန်းမှ သေမှု/သေခင်း အမှတ်စဉ် ၅/၂၀၁၇ ဖြင့် အမှုဖွင့်လှစ် ဆောင်ရွက်နေကြောင်းသိရပါတယ်။ ဒီသတင်းကို ဖြိုးကိုလင်း(ညောင်ဝိုင်း) ပေးပို့တာ ဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/
ကျောက်တံခါးမြို့ စာတိုက်ရပ်ကွက်တွင် ကလေးငယ် နှစ်ဦး ရေနစ်သေဆုံး ကျောက်တံခါးမြို့ စာတိုက်ရပ်ကွက်တွင် ကလေးငယ် နှစ်ဦး ရေနစ်သေဆုံး Reviewed by THITHTOOLWIN on 15:06 Rating: 5
Powered by Blogger.