မေ ၂၇
မေလ ၂၇ ရက်နေ့ နံနက် ၁၁ နာရီ ၂၀ မိနစ် အချိန်ခန့်က မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အကွက် ၁၁၉၊ ၂၀×၂၁လမ်းကြား၊၈၆×၈၇လမ်းကြား နေအိမ်အပေါ်ထပ် မီးဖိုခန်းမှ မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးဦးသန်းဇော်ဦး ဦးစီးသည့် သန္ဓေနှင့် အရံမီးသတ်တပ်ဖွဲ့ဝင် ၁၉၀ ဦး၊ မီးငြှိမ်းသတ်ယာဉ် ၂၅ စီး၊ ရေသယ်ယာဉ် (၅)စီး၊ အုပ်ချုပ်မှုယာဉ် ၂ စီး၊ ကြက်ခြေနီတပ်ဖွဲ့ဝင် ၂၆ ဦးဖြင့်ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ၁၁နာရီ ၃၀ မိနစ်အချိန်တွင် မီးငြိမ်းကြောင်း မီးသတ်မှတ်တမ်းများအရ သိရသည်။
မီးလောင်မှုတွင် ၃၅ ပေ × ၂၂ ပေရှိ နံကပ် နှစ်ထပ် အပေါ်ထပ် မီးဖိုခန်းမှ စတင်လောင်ကျွမ်းကြောင်း သိရပြီး မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းအား စုံစမ်းဆဲဖြစ်ကာ (၁၅၀၀၀၀)ကျပ် မီးလောင်ဆုံးရှုံးကြောင်းသိရသည်။
မီးလောင်မှုနှင့်ပတ်သက်၍ မီးပေါ့ဆစွာအသုံးပြုသူ ဦးမောင်မောင်ထွေး ၄၇နှစ်၊ (ဘ) ဦးစိုးမင်း တွင်ခုံလုပ်ငန်း လုပ်ကိုင်သူကို အောင်မြေသာစံမြို့နယ်၊ မြို့မရဲစခန်း (ပ) ၂၅၂/ ၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ဖြင့် အမှုဖွင့် အရေးယူထားရှိကြောင်း သိရသည်။
Ah Lin Nge
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal/
အောင်မြေသာစံရပ်ကွက်၊ အကွက် ၁၁၉ တွင် မီးလောင်မှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
06:44
Rating: