စွံ့အနားမကြား အမျိုးသမီးကို ဓါးထောက်ကာ အဓမ္မပြုကျင့်မှုဖြစ်ပွား


(အမဖြစ်သူမှု ဥပဒေအရ အရေးယူပေးရန် တိုင်ကြားပြီး လူပိုက် (ခ) မောင်ဇော်ကို (ပ)၆၉၄/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် ကျောက်ဖြူမြို့မ ရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်းသိရသည်။ ဓါတ်ပုံ - ဟန်ထူးဇော်/DM)
မေလ ၂၇ ရက်၊ ၂၀၁၇ ခုနှစ်၊ ကျောက်ဖြူ (DMG) ။    ။   ကျောက်ဖြူမြို့နယ်တွင် မေလ ၂၅ ရက် ည ၉ နာရီဝန်ကျင်တွင် မြို့မရဲစခန်းအား အမျိုးသမီး ၁ ဦး ပျောက်ဆုံးတိုင်ကြားလာသဖြင့် မြို့မရဲစခန်းမှူး ရဲအုပ်အောင်ဇော်မင်း၊ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ကျော်နီထွန်းတို့မှ လိုက်လံရှာဖွေခဲ့ရာ ကျောက်ဖြူမြို့ဝင် ဆိုင်ဘုတ်အနီး ပင်လယ်ကမ်းစပ်တွင် လူပိုက် (ခ) မောင်ဇော်နှင့် မ….. အား တွေ့ရှိကာ စခန်းသို့ ခေါ်ဆောင်စစ်ဆေးရာမှ အဓမ္မပြုကျင့်မှု ပေါ်ပေါက်ခဲ့သည်။

ဖြစ်စဉ်မှာ ကုလားဘာတောင်ကျေးရွာ မြို့ပတ်လမ်းရှိ ဒေါ်အေးကြိုင်ဖြူနေအိမ်သို့ မြေးဖြစ်သူ ညီအမ ၂ ယောက်မှ လာရောက်နေထိုင်ပြီး ကွမ်းယာဆိုင်ဖွင့်လှစ်နေကြောင်း လူပိုက် (ခ) မောင်ဇော်မှာ လွန်ခဲ့သည့်လမှ ကွမ်းယာလာဝယ်ရင်း ခင်းမင်ရင်းနှီးရာမှ ယခုလိုလိမ်လည်ခေါ်ဆောင်သွားပြီး အခင်းဖြစ်သည့် နေရာတွင် မ ……. အား အရိုးသွား ၆ လက်မရှိသည့် ဓါးဖြင့် ခြိမ်းခြောက်ကာ အလိုမတူဘဲ သားမယားပြုကျင့်ခဲ့ကြောင်း ခြေဟန်လက်ဟန်ဖြင့် ပြောပြသည်ကို ၄င်းပြောကြားချက်အား ကျွမ်းကျင်သိရှိသည်။

အမဖြစ်သူမှု ဥပဒေအရအရေးယူပေးရန် တိုင်ကြားပြီး လူပိုက် (ခ) မောင်ဇော်ကို (ပ)၆၉၄/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် ကျောက်ဖြူမြို့မရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ဟန်ထူးဇော်
Development Media Group
http://www.dmediag.com/
စွံ့အနားမကြား အမျိုးသမီးကို ဓါးထောက်ကာ အဓမ္မပြုကျင့်မှုဖြစ်ပွား စွံ့အနားမကြား အမျိုးသမီးကို ဓါးထောက်ကာ အဓမ္မပြုကျင့်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 17:57 Rating: 5
Powered by Blogger.