မိုရာမုန်တိုင်းကြောင့် ဘင်္ဂလားဒေ့ရှ်တွင် ထိခိုက်ဆုံးရှုံးမှုကြီးမား (၅)ဦးသေဆုံးကာ အိမ်ခြေရာနှင့်ချီ၍ ပျက်စီးဟုအတည်ပြု


ဒါကာ မေ ၃ဝ

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း၌ မိုရာမုန်တိုင်း ဒဏ်ကြောင့် ထိခိုက်ဆုံးရှုံးမှုကြီးမားခဲ့ကြောင်း ဘီဘီစီသတင်းဌာနကဖော်ပြသည်။

ဘင်္ဂလားပင်လယ်အော်အတွင်း၌ ဖြစ်ပေါ် ခဲ့သည့် မိုရာမုန်တိုင်းသည် ဒေသစံတော်ချိန် နံနက် ၆ နာရီတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့ တောင်ပိုင်းသို့ စတင်ဝင်ရောက်ခဲ့ခြင်းဖြစ်ကာ ကော့ဘဇားခရိုင်၌ ထိခိုက်ဆုံးရှုံးမှုကြီးမားခဲ့ ကြောင်း အတည်ပြုခဲ့သည်။

 ဘင်္ဂလားဒေ့ရှ် သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေး အဖွဲ့၏ လေ့လာမှုများအရ မုန်တိုင်းဒဏ် ကြောင့် ငါးဦးသေဆုံးကာ အိမ်ခြေရာနှင့်ချီ၍ ပျက်စီးခဲ့ကြောင်း တွေ့ရှိခဲ့သည်။ သေဆုံးသူ အများစုမှာ သစ်ပင်များပြိုလဲမှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

 မုန်တိုင်း ဝင်ရောက်မည့်ဒေသများတွင် သက်ဆိုင်ရာ တာဝန်ရှိသူများက ဒေသခံများအား ကြိုတင် ရွှေ့ပြောင်းပေးမှုများပြုလုပ်ကာ မုန်တိုင်း ဒဏ်ခံအဆောက်အအုံများသို့ ပို့ဆောင်ပေးခဲ့ ခြင်းကြောင့် သေဆုံးသူဦးရေ နည်းပါးခဲ့ခြင်း ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရက အတည် ပြုခဲ့သည်။

 ကော့ဘဇားခရိုင်အတွင်း၌ မုန် တိုင်းဒဏ်ကြောင့်ဖြစ်ပေါ်ခဲ့သည့် လေတိုက် နှုန်းမှာ တစ်နာရီလျှင် ၇၃ မိုင်ရှိခဲ့ကာ ပင် လယ်ပြင်၌ဖြစ်ပေါ်ခဲ့သည့် လှိုင်းအမြင့်မှာမူ ငါးပေခန့်ရှိခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်မိုးလေ ဝသညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

NG(Ref;BBC)
The Union Daily
https://www.facebook.com/uniondaily.net/
မိုရာမုန်တိုင်းကြောင့် ဘင်္ဂလားဒေ့ရှ်တွင် ထိခိုက်ဆုံးရှုံးမှုကြီးမား (၅)ဦးသေဆုံးကာ အိမ်ခြေရာနှင့်ချီ၍ ပျက်စီးဟုအတည်ပြု မိုရာမုန်တိုင်းကြောင့် ဘင်္ဂလားဒေ့ရှ်တွင် ထိခိုက်ဆုံးရှုံးမှုကြီးမား (၅)ဦးသေဆုံးကာ အိမ်ခြေရာနှင့်ချီ၍ ပျက်စီးဟုအတည်ပြု Reviewed by THITHTOOLWIN on 18:07 Rating: 5
Powered by Blogger.