ဗန်းမောက်မြို့နယ် မံထုံကျေးရွာတွင် ဖုန်းကိုင်ဆောင်ထားသူ မိုးကြိုးပစ်ခံရမှုဖြစ်ပွားခဲ့


ဗန်းမောက်မြို့နယ် နှင့် ၁၈ မိုင်ခန့်ရှိသော မံထုံကျေးရွာတွင် နေအိမ်အတွင်း လက်ကိုင်ဖုန်းကိုင်
ဆောင်ထားသူ (၁၀)စာမေးပွဲ ဖြေဆိုထားသည့် မိန်းကလေးတစ်ဦး မေလ ၂၉ ရက်နေ့ ၁၈.၃၀
နာရီအချိန်တွင် မိုးကြိုးပစ် စက်ကွင်းမိ၍ သတိလစ် မေ့မျောနေကြောင်းဗန်းမောက်ရဲစခန်းမှ သတင်းသိရသည်။

ဗန်းမောက်မြို့နယ် မံထုံကျေးရွာတွင် မခင်မိုးဦး၂၀ နှစ် (ဘ)ဦးစိုးမြင့်အောင် (မိ)ဒေါ်အုန်းကျန်
သမီးဖြစ်သူ တက္ကသိုလ် စာမေးပွဲ (၁၀)တန်းဖြေဆိုထားသော မိန်းကလေးအား နေအိမ်အတွင်း
ဧည့်ခံ ဘုရားစင် ရှေ့လက်ကိုင်ဖုန်းကိုင်ဆောင်၍ လမ်းလျှောက်နေ့စဉ် မိုးကြိုးစက်ကွင်းမိသဖြင့် သတိမေ့သွားခဲ့ကြောင်းသတင်းအရ မံထုံရဲကင်း စခန်းမှူး ရဲအုပ်မင်းမော်နှင့် တပ်ဖွဲ့ဝင် (၃)ဦး ၊အုပ်ထိန်းသူမိဘဆွေမျိုးများ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ ဗန်းမောက်မြို့နယ် ပြည်သူဆေးရုံသို့ ဆေးဝါးကုသခံယူရန် ဝိုင်းဝန်းကူညီပို့ဆောင်ပေးခဲ့ရာ ဆေးဝါးကုသခံယူနေရာ သတိရကောင်းမွန်လာကြောင်း သတင်းသိရသည်။

ငွေအိုး (ကသာ)
https://www.facebook.com/ngwe.aoe.54
ဗန်းမောက်မြို့နယ် မံထုံကျေးရွာတွင် ဖုန်းကိုင်ဆောင်ထားသူ မိုးကြိုးပစ်ခံရမှုဖြစ်ပွားခဲ့ ဗန်းမောက်မြို့နယ် မံထုံကျေးရွာတွင် ဖုန်းကိုင်ဆောင်ထားသူ မိုးကြိုးပစ်ခံရမှုဖြစ်ပွားခဲ့ Reviewed by THITHTOOLWIN on 21:04 Rating: 5
Powered by Blogger.