ကလေးနှိပ်စက်သူကို ထောင်ဒဏ် ၇ နှစ်ချမှတ်

မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ကလေးနှိပ်စက်သူကို မေလ ၁၈ ရက်နေ့က ရုံးထုတ်လာစဉ်။ Photo: Kyaw Lwin Oo/RFA
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ အသက်(၁၄)နှစ်အရွယ် မိန်းကလေးငယ်ကို လိမ္မော်သီးခိုးစားတယ်လို့ စွပ်စွဲပြီး အလုပ်ရှင်က ရေနွေးပူဖြင့်လောင်းချခဲ့တဲ့အမှုကို မော်လမြိုင်မြို့နယ် တရားသူကြီးက အလုပ်ရှင်က အလုပ်နဲ့ ထောင်ဒဏ် ၇ နှစ် ဒီနေ့ အမိန့်ချမှတ်ခဲ့ပါတယ်။

စွဲဆိုထားတဲ့ပုဒ်မတွေအတိုင်း မြို့နယ်တရားသူကြီးက ထောင်ဒဏ်တွေ ချမှတ်လိုက်တာလို့ တရားလို ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးတဲ့ တရားလွှတ်တော်ရှေ့နေ မယဉ်မင်းစန်းက ပြောပါတယ်။

မော်လမြိုင်မြို့နယ် တရားရုံးက အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၂၆ အရ အမြင့်ဆုံးအပြစ်ဒဏ် ထောင်ဒဏ် ၇ နှစ်နဲ့ ပုဒ်မ ၃၂၃ အရ ထောင်ဒဏ် ၁ နှစ်ချမှတ်ခဲ့ပြီး ပြစ်ဒဏ်ကို တစ်ပေါင်းတည်း ချခံစေတာကြောင့် ၇ နှစ်ထောင်ကျမှာဖြစ်ပြီး အချုပ်ရက်တွေကိုလည်း ခံစားခွင့်ပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် ၂ဝ၁၆ ဒီဇင်ဘာလက မော်လမြိုင်မြို့ တက္ကသိုလ်ကျောင်းဝင်းရှိ အမျိုးသားဘော်ဒါဆောင်မှာ ထမင်းချက် လုပ်ငန်း ကန်ထရိုက်ယူလုပ်ကိုင်သူ မအေးအေးစိုးက  အလုပ်ဝိုင်းကူလုပ်ပေးနေတဲ့ အသက်(၁၄)နှစ်အရွယ် မိန်းကလေးကို လိမ္မော်သီး(၂)လုံးပျောက်တာကို ခိုးယူတယ်ဆိုပြီး ရေနွေးပူနဲ့လောင်းတာ၊  ထင်းနဲ့ ဦးခေါင်းကို ရိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့  ရဲမှတ်တမ်းများအရ သိရပါတယ်။

ဒါကြောင့် အဒေါ်ဖြစ်သူ က ဒီဇင်ဘာ ၂၇ ရက်နေ့က မုပွန်နယ်မြေရဲစခန်းမှာ တရားလိုပြုလုပ်ကာ အပြင်းအထန် နာကျင်စေမှု ပုဒ်မ- ၃၂၆ အရ အမှုဖွင့်ခဲ့တာပါဖြစ်တယ်။

RFA Burmese
http://www.rfa.org/burmese
ကလေးနှိပ်စက်သူကို ထောင်ဒဏ် ၇ နှစ်ချမှတ် ကလေးနှိပ်စက်သူကို ထောင်ဒဏ် ၇ နှစ်ချမှတ် Reviewed by THITHTOOLWIN on 20:03 Rating: 5
Powered by Blogger.