ဗိုလ်တထောင်မြို့နယ်တွင် ကွန်တိန်နာနှင့် ဒိုင်နာယာဉ်တိုက်မှုဖြစ်ပွား


ရန်ကုန် မေ ၂၉

ရန်ကုန်တိုင်းဒေသကြီး ဗိုလ် တထောင်မြို့နယ်(၃)ရပ်ကွက် ကမ်းနားလမ်းနှင့်(၆၄)လမ်းထောင့် ၌ လမ်းဘေးတွင် ရပ်ထားသော ကွန်တိန်နာယာဉ်အား တိုရိုတာ ဒိုင်နာယာဉ်က ကွန်တိန်နာကား အနောက်ဘက်ကို ဝင်တိုက်မိမှု ယနေ့နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ သည်။
 ''ရပ်ထားတဲ့ ကွန်တိန် နာကားကို ဒိုင်နာကားကဝင်တိုက် မိတာ။ ဒိုင်နာကားပေါ်က ယာဉ် မောင်းက ကားထဲမှာညပ်သွား တယ်။ လောလောဆယ်တော့ ရန်ကုန်ဆေးရုံကြီးမှာ တင်ထား တယ်။ ဒီလောက်ပဲ ပြောနိုင်မယ်'' ဟု (၅၁)လမ်း ယာဉ်ထိန်းရဲတပ်ဖွဲ့ မှူးရုံးမှ တာဝန်ကျရဲအရာရှိတစ်ဦး က ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ (၅၁) လမ်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ယာဉ်(ပ)၁၃/၂ဝ၁၇ ပုဒ်မ ၃၃၈/ ၂၇၉တို့ဖြင့်အမှုဖွင့်အရေးယူဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

အုတ်ကျော်ဟိန်း
The Union Daily
https://www.facebook.com/uniondaily.net
ဗိုလ်တထောင်မြို့နယ်တွင် ကွန်တိန်နာနှင့် ဒိုင်နာယာဉ်တိုက်မှုဖြစ်ပွား ဗိုလ်တထောင်မြို့နယ်တွင် ကွန်တိန်နာနှင့် ဒိုင်နာယာဉ်တိုက်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 21:50 Rating: 5
Powered by Blogger.