ကာမိုင်းမြို့နယ်အတွင်း အမိုနီယမ်နိုက်ထရိတ်များနှင့် ကျောက်စိမ်း အရိုင်းတုံးများ ဖမ်းဆီးရမိ


နေပြည်တော် မေ ၁၉

ကချင်ပြည်နယ်၊ ကာမိုင်းမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေ သည့် တပ်မတော်စစ်ကြောင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၁၈ ရက် ညနေ ၄ နာရီခန့်တွင် ကာမိုင်းမြို့ရှိ ကာမိုင်းစစ်ဆေးရေးဂိတ်အနီး၌ ယာဉ်မောင်းသူရိန်ထွန်း(ဘ) ဦးမျိုးမင်းအောင် မောင်းနှင်ပြီး ယာဉ်နောက်လိုက် လှထွန်း(ဘ)ဦးအောင်သန်းလိုက်ပါလာသည့် နစ်ဆန်းအမျိုးအစား ခြောက်ဘီးယာဉ် အမှတ်၊ 8J/--- အား မသင်္ကာသဖြင့် ရပ်တန့်စစ်ဆေးရာ အမိုနီယမ်နိုက်ထရိတ် ၅၀ အိတ်(ခန့်မှန်း ၂ ဒသမ ၅ တန်ခန့်)ကို ဖမ်းဆီးရမိခဲ့သည်။


အလားတူ ကာမိုင်းမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းသည် မေ ၁၈ ရက် ညနေ ၄ နာရီခန့်တွင် ကာမိုင်းမြို့၊ နန့်တိန်းစစ်ဆေးရေးဂိတ်မှ မီတာ ၃၀၀ ခန့်အကွာ၌ ရပ်တန့်ထားသော မသင်္ကာဖွယ် အိုင်ပီဆန်အမျိုးအစားယာဉ်အမှတ်၊ 5C/--- အား သွားရောက်စစ်ဆေးရာ ယာဉ်ပေါ်တွင် တရားမ၀င်သယ်ဆောင်လာသော ကျောက်စိမ်းအရိုင်းတုံးဆိုဒ်စုံ ၄၁ တုံး(ခန့်မှန်း ၁၆၃ ဒသမ ၃ ကီလိုဂရမ်ခန့်)ကို ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိသူများ၊ ကျောက်စိမ်းတုံးများနှင့် မော်တော်ယာဉ်များအား ကာမိုင်းနယ်မြေ ရဲစခန်းသို့လည်းကောင်း၊ အမိုနီယမ်နိုက်ထရိတ်များအား ယမ်းဘီလူးနှင့် ဆက်စပ်ပစ္စည်းများ သိုလှောင်ဖြန့်ဖြူးရေးအဖွဲ့(ဖားကန့်)သို့လည်းကောင်း စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds
ကာမိုင်းမြို့နယ်အတွင်း အမိုနီယမ်နိုက်ထရိတ်များနှင့် ကျောက်စိမ်း အရိုင်းတုံးများ ဖမ်းဆီးရမိ ကာမိုင်းမြို့နယ်အတွင်း အမိုနီယမ်နိုက်ထရိတ်များနှင့် ကျောက်စိမ်း အရိုင်းတုံးများ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 09:55 Rating: 5
Powered by Blogger.