ဖခင်​အိမ်​ မီးရှို့သူ ဖမ်းဆီးရမိ


ကျိုင်းတုံ ​မေ ၁၉

မေလ ၁၈ ရက်နေ့  ည​နေ(၅)နာရီခန့်​က ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ်​၊ မိုင်းပတ်​အထက်​ အုပ်​စု ပန်​ဝိုးရွာ တွင်​ဖြစ်​ပွားခဲ့​သော ဖခင်​ဖြစ်​၏နေအိမ်ကို မီးရှို့ပြီး ထွက်​​ပြေးလွတ်​​မြောက်​​နေသူ သားကြီး(ခ)အားယားကို ကျိုင်းတုံမြို့မရဲစခန်းမှ ရဲအုပ်​​မောင်​​မောင်​သင်းနှင့် နယ်​ထိန်းတပ်​ဖွဲ့ဝင်​များက မေလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းတွင်​ ပန်​ဝိုးရွာအစွန်​ သင်္ကျိုင်းတွင်​ ဖမ်းဆီးရမိခဲ့ပြီး မြို့မရဲစခန်းတွင်​ အမှုဖွင့်​ထား​ကြောင်းသိရသည်​။


ဖြစ်စဉ်မှာ ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ်​၊ မိုင်းပတ်​အထက်​အုပ်​စု၊ ပန်​ဝိုးရွာ ​နေ သားကြီး​(ခ)အားယာသည် မေလ ၁၈ ရက်နေ့ ညနေ ၅ နာရီခန့် က​ ၄င်းဖခင်​ဖြစ်​သူ ဦးအားထူ၏ (၃၀×၂၀)​​ပေ ပျဉ်​ခင်း၊ ပျဉ်​ကာခြေတံရှည် ​အိမ်​​အောက်​ရှိ Anbo-125 ဆိုင်​ကယ်​​ အပေါ်သို့ သက်​ကယ်​များတင်​၍ မီးရှို့ရာ ဖခင်​ဖြစ်​သူ၏ အိမ်​ မီး​လောင်​ကျွမ်းခဲ့ပြီး မီးရှို့သူ သားကြီး(ခ)အားယာ ​နေထိုင်​သည့် ဝါးခင်း၊ ဝါးကာ သက်​ကယ်​မိုး​ နေအိမ်​ပါ မီး​ကူးစက်​​လောင်​ခဲ့သည်​။

မီး​လောင်​ကျွမ်းမှုကို ​ကျေးရွာ​အတွင်း ​နေထိုင်​သူများက ဝိုင်းဝန်​ငြိမ်းသတ်​၍ ၅နာရီ ၄၅မိနစ်​တွင်​ မီးငြိမ်းခဲ့ပြီး ဆုံးရှုံးမှု တန်​ဖိုး ၄သိန်း​ကျော်​ရှိခဲ့​ကြောင်း သိရသည်​။

သားကြီး(ခ)အားယာ ၂၉နှစ်​သည်​ ထွက်​​ပြေးတိမ်း​ရှောင်​လျက်​ရှိပြီး ၎င်း၏ မိသားစုနှင့် ၎င်းဖခင်​၏ မိသားစု(၂)စုတို့မှ လူကြီး ၄ဦး၊ က​လေး ၂ဦး မီး​ဘေးဒုက္ခ သင့်ခဲ့​ရသည်​။

သားကြီး(ခ)အားယာကို ဖမ်းဆီးရနိုင်​​ရေး ​ဆောင်​ရွက်​လျက်​ရှိပြီး မီးဘးသင့်သူများကို ကယ်​ဆယ်​​ရေးနှင့် ​ပြန်​လည်​​နေရာချထား​ရေး ဦးစီးဌာနမှ ​ငွေသား ၃သိန်းနှင့် ထောက်​ပံ့ပစ္စည်း
များအပြင်​ ကြက်​ခြေနီအသင်းကလည်း ​ထောက်​ပံ့​ပေးမည် ​ဖြစ်​​ကြောင်း သိရသည်​။

mmn(ktg)
ကျိုင်းတုံ သတင်းစာ
ဖခင်​အိမ်​ မီးရှို့သူ ဖမ်းဆီးရမိ ဖခင်​အိမ်​ မီးရှို့သူ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 06:30 Rating: 5
Powered by Blogger.