အိမ်ချင်းကပ်လျက်နေသူများ စကားများရာမှ လူသတ်မှုဖြစ်


မန္တလေး၊ မေ ၁၇

မန္တလေးတိုင်းဒေသကြီး  ချမ်းမြသာစည်မြို့နယ်မှာ မေလ ၁၆ ရက်နေ့ နေ့ လည် ၂ နာရီခန့် က အိမ်ချင်းကပ်လျက်နေသူများ ယခင်မြေကွက်ကိစ္စဖြင့် စကားများခဲ့သည်ကို မကျေနပ်၍ ဓားထိုး လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၁၆-၅-၂၀၁၇ ရက်နေ့ နေ့လည် ၂ နာရီအချိန် ချမ်းမြသာစည်မြို့နယ်၊ ကံသာယာရပ်ကွက်၊ ပိတောက်လမ်းနှင့်ချယ်ရီလမ်းကြား၊ ၅၇xပန်းရံတော်ချောင်းကြား၊ (ဗ-၄/၉၄)(ကျူး)နေ ဟိန်းမင်းဦး ၃၀ နှစ်သည် ၅၉ လမ်းရှိ ရုံးမှ နေအိမ်သို့ပြန်လာရာ နေအိမ်ရှေ့ ပိတောက်လမ်းနှင့် မဉ္ဖူလမ်းကြားရှိ ဒူးကြားလမ်းသို့ရောက်ရှိစဉ် အိမ်ချင်းကပ်လျက်နေ သန်းစိုးအောင် ၃၃နှစ်က နေအိမ်အတွင်းမှ ထွက်လာပြီး ယခင်မြေကွက်ကိစ္စဖြင့် စကားများခဲ့သည်ကို မကျေနပ်၍ အရိုးအသွား ၁၂ လက်မ ခန့်ရှိ ဓါးဖြင့်ထိုးကြောင်း သိရပါသည်။

 ဟိန်းမင်းဦး၏ ၀ဲရင်အုံထိုးသွင်းဒဏ်ရာ(၁)ချက်၊ ၀မ်းဗိုက်ထိုးသွင်းဒဏ်ရာ (၃)ချက်ရရှိပြီး မန္တလေးဆေးရုံသို့ တင်ပို့စဉ် ညနေ ၃ နာရီအချိန် သေဆုံးသွားပါသည်။

သန်းစိုးအောင် အား အောင်ပင်လယ်နယ်မြေရဲစခန်း(ပ)၁၄၃/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန် ချက်အရ သိရပါသည်။

သစ်ထူးလွင်
အိမ်ချင်းကပ်လျက်နေသူများ စကားများရာမှ လူသတ်မှုဖြစ် အိမ်ချင်းကပ်လျက်နေသူများ စကားများရာမှ လူသတ်မှုဖြစ် Reviewed by THITHTOOLWIN on 22:12 Rating: 5
Powered by Blogger.