အမြန်​လမ်းတွင်​ တစ်​နာရီအတွင်း ယာဉ်​မ​တော်​တစ်​ဆမှု နှစ်​မှုဖြစ်​ပွား


နေပြည်​​တော်​၊​မေ ၂၇

ရန်​ကုန်​-မန္တ​လေးအမြန်​လမ်းမကြီး၏ မိုင်​တိုင်​အမှတ်​ ၁၀၆/၂ နှင့်​ ၃ အကြား ရန်​ကုန်​ဘက်​မှ​နေပြည်​​တော်​ဘက်​သို့ ယာဉ်​​မောင်း သန်းလင်း​အောင်​​မောင်းနှင်​လာ​သော LIGHT TRUCK ယာဉ်​မှာ မေလ ၂၇ရက်နေ့  ယ​နေ့ ​ညနေ့ ၃နာရီ​ကျော်​က ၀ဲဘက်​​ရှေ့ဘီး​ပေါက်​ပြီး လမ်းလယ်​ကျွန်းကပ်​တုံးကို တိုက်​မိမှု ဖြစ်​ပွားခဲ့သည်​။

ဖြစ်​စဉ်​​ကြောင့်​ယာဉ်​​ပေါ်တွင်​ယာဉ်​​မောင်းပါ ၆ ဦး မှာထိခိုက်​မှုမရှိ​သော်​လည်း ယာဉ်​မှာအနည်းငယ်​ပျပ်​စီးသွားသည်​။

အလားတူ ည​နေ ၄ နာရီခန့်​က မိုင်​တိုင်​အမှတ်​ ၂၇၀/၂ နှင့်​ ၂၇၀/၃ အကြားရန်​ကုန်​ဘက်​မှမန္တ​လေးဘက်​သို့ယာဉ်​​မောင်း နိုင်​​အေး ​မောင်းနှင်​လာ​သော Hyundai mini bus ယာဉ်​မှာ အရှိန်​မထိမ်းနိုင်​ဘဲလမ်းမ​ပေါ်သို့တိမ်း​မှောက်​ခဲ့ ​သော်​လည်း ယာဉ်​​မောင်းမှာထိခိုက်​မှု မရှိခဲ့​ပေ။
သို့ပါ၍ ဖြစ်​စဉ်​များမှယာ​မောင်းများအား သက်​ဆိုင်​ရာ အမြန်​လမ်းရဲတပ်​ဖွဲ့စခန်းများက အမှုဖွင့်​စစ်​​ဆေးလျှက်​ရှိ​ကြောင်းသိရသည်​။

သန်းဦး​ (လေးမျက်​နှာ)
ဓာတ်​ပုံ/အမြန်​လမ်းရဲတပ်​ဖွဲ့
Nan Myat Oo (FB)
အမြန်​လမ်းတွင်​ တစ်​နာရီအတွင်း ယာဉ်​မ​တော်​တစ်​ဆမှု နှစ်​မှုဖြစ်​ပွား အမြန်​လမ်းတွင်​ တစ်​နာရီအတွင်း ယာဉ်​မ​တော်​တစ်​ဆမှု နှစ်​မှုဖြစ်​ပွား Reviewed by THITHTOOLWIN on 18:42 Rating: 5
Powered by Blogger.