သီရီလင်္ကလာနိုင်ငံတွင် မြေပြိုကျမှုကြောင့် (၉၁) ဦးသေဆုံးကာ အယောက်(၁၀၀) ခန့်မှာ ပျောက်ဆုံး နေဆဲဖြစ်ကြောင်း အာဏာပိုင်များ ထုတ်ပြန်


သီရီလင်္ကာနိုင်ငံတွင် မိုးများသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် မေလ(၂၆) ရက်နေ့က မြေပြိုကျမှု ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး ဒေသခံ (၉၁) ဦးသေဆုံးကာ အယောက်(၁၀၀) ခန့်မှာ ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း သီရီလင်္ကာ အာဏာပိုင်များ မေလ(၂၆) ရက်နေ့တွင် တရားဝင် ထုတ်ပြန်ကြေညာ သွားခဲ့သည်။

 အင်ဒီးယန်းသမုဒ္ဒရာ ကျွန်းစုတွင်လည်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် ဒေသခံ (၁၀၀) ကျော်ခန့်မှာလည်း နေအိမ်များကို စွန့်ခွာကာ ဘေးလွတ်ရာသို့ ရွေ့ပြောင်းနေထိုင်ခဲ့ကြရကြောင်းလည်း သိရသည်။

 အင်ဒီးယန်းသမုဒ္ဒရာ အနောက်ဘက်ရှိ ကာလူတာရာဒေသတွင် ရေကြီးရေလျှံမှုကြောင့် မြေပြိုကျမှု ဖြစ်စဉ် (၅) ကြိမ်ခန့် ဖြစ်ပေါ်ခဲ့ကြောင်းလည်း သီရီလင်္ကာ အာဏာပိုင် အဖွဲ့အစည်းမှ ပြောရေးဆိုခွင့်ရှိသူ ပရီယန်တာက ပြောကြားသွားခဲ့သည်။

 ပရီယန်တာက “ကာလူတာရာ ဒေသမှာ ရေကြီးရေလျှံမှုကြောင့် မြေပြိုကျမှု ဖြစ်စဉ် (၅) ကြိမ်လောက် ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံ အာဏာပိုင်တွေက သတင်းပို့ထားပါတယ်၊ ကယ်ဆယ်ရေး အဖွဲ့တွေကိုတော့ စေလွှတ်ထားပြီးပါပြီ၊ ကယ်ဆယ်ရေး လုပ်ငန်းတွေကိုလည်း ဆောင်ရွက်ပေးနေပါတယ်” ဟု ပြောကြားသွားခဲ့သည်။

 မြေပြိုကျမှု ဖြစ်စဉ်ကြောင့် သေဆုံးခဲ့ရသော ဒေသခံများမှာ အင်ဒီးယန်းသမုဒ္ဒရာကျွန်းစုအလယ်ပိုင်းတွင် (၃၈) ဦး သေဆုံးခဲ့ပြီး ကာလူတာရာဒေသမှ (၄၆)ဦးနှင့် အခြားသော ဒေသများမှ လူ(၇)ဦးသေဆုံးခဲ့ကြောင်းလည်း သိရသည်။ ပျောက်ဆုံးနေသောသူများမှာ မည်သည့်ဒေသခံများ ဖြစ်ကြောင်းကို စိစစ်နေဆဲ ဖြစ်ကြောင်း သိရသည်။

 သီရီလင်္ကာ တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ရိုရှန်ကလည်း ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ရန်အတွက် တပ်မတော်သား အင်အား (၄၀၀) ခန့်ကိုလည်း စေလွှတ်ပေးထားကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
သီရီလင်္ကလာနိုင်ငံတွင် မြေပြိုကျမှုကြောင့် (၉၁) ဦးသေဆုံးကာ အယောက်(၁၀၀) ခန့်မှာ ပျောက်ဆုံး နေဆဲဖြစ်ကြောင်း အာဏာပိုင်များ ထုတ်ပြန် သီရီလင်္ကလာနိုင်ငံတွင် မြေပြိုကျမှုကြောင့် (၉၁) ဦးသေဆုံးကာ အယောက်(၁၀၀) ခန့်မှာ ပျောက်ဆုံး နေဆဲဖြစ်ကြောင်း အာဏာပိုင်များ ထုတ်ပြန် Reviewed by THITHTOOLWIN on 17:49 Rating: 5
Powered by Blogger.