မဘသအဖွဲ့ဝင်များအား အထူးအသိပေး ရှင်းလင်းပွဲကျင်းပ (အမှားပြင်ဆင်ချက်)


အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (ဗဟို) မဘသအဖွဲ့ဝင်များအား အထူးအသိပေး ရှင်းလင်းပွဲအခမ်းအနားကို မေလ ၂၇ ရက်နေ့ မနက်ကစပြီး ရန်ကုန်မြို့ အင်းစိန်မြို့နယ်မှာရှိတဲ့ အောင်ဆန်းတောရတပ်ဦး ကျောင်းတိုက်မှာ ကျင်းပနေတာဖြစ်ပါတယ်။


ရှင်းလင်းပွဲမှာ မဘသဥက္ကဌဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသက မဘသနဲ့ပတ်သက်ပြီး မဟန ရဲ့ဆုံးဖြတ်ချက်မှာ အဓိကတရားခံက မဟန မဟုတ်ဘူးဆိုတာသိဖို့လိုတယ်လို့ မိန့်ကြားခဲ့ပြီး မဘသအဖွဲ့အနေနဲ့ရှေ့ဆက် လုပ်ဆောင်လို့ရသေးကြောင်း မိန့်ကြားလိုက်ပါတယ်။


မဘသဒုဥက္ကဌဆရာတော် ဘဒ္ဒန္တသီလက္ခန္ဒာဘိဝံသကလည်း မဟနရဲ့ဆုံးဖြတ်ချက်ဟာ
မဘသ ဆိုတဲ့နာမည်ကို အနည်းငယ်ငြိုးမှိန်သွားစေတာကလွဲပြီး နာမည်ပြောင်း ကာအလုပ်တွေ ဆက်လုပ်ဖို့ပြောသလိုဖြစ်နေကြောင်းမိန့်ပါတယ်။

Photos :Thant Zin Oo,Aung Thain Kha/RFA
RFA Burmese
https://www.facebook.com/rfaburmese/
မဘသအဖွဲ့ဝင်များအား အထူးအသိပေး ရှင်းလင်းပွဲကျင်းပ (အမှားပြင်ဆင်ချက်) မဘသအဖွဲ့ဝင်များအား အထူးအသိပေး ရှင်းလင်းပွဲကျင်းပ (အမှားပြင်ဆင်ချက်) Reviewed by THITHTOOLWIN on 01:00 Rating: 5
Powered by Blogger.