ကုမ္ပဏီဝန်ထမ်းကြိုပို့ ယာဉ် နှစ်စီး မျက်နှာချင်းဆိုင် တိုက်မှုဖြစ်ပွား ၁၀၂ ဦး ထိခိုက်ဒဏ်ရာရ


၂၀၁၇ ခုနှစ် မေလ ၂၆ ရက်နေ့ ည ၇း၃၀ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူး - ဖောက်ကြီးလမ်းမပေါ်ရှိ စခန်းကြီးကျေးရွာအနီးတွင် ကုမ္ပဏီဝန်ထမ်းကြိုပို့ ယာဉ် နှစ်စီး ဖြစ်သော မီနီဘတ်စ်ကား နှင့် ဒိုင်နာကားတို့  မတော်တဆ မျက်နှာချင်းယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ စုစုပေါင်း လူဦးရေ ၁၀၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။

 မတော်တဆယာဉ်တိုက်မှုဖြစ်ပွားရာတွင် ကားခေါင်းခန်းတစ်ခန်းစီ၌ ညှပ်မိနေသော အမျိုးသမီးတစ်ဦးစီ ကိုလည်း လှည်းကူးမီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့ နဲ့ ပြည်သူလူထု တို့ ပူးပေါင်း၍ ကယ်ထုတ်လိုက်နိုင်ခဲ့ပါသည်။


 ၎င်းယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသော လူနာ ၁၀၂ ဦးတို့ အနက် မှ ဒဏ်ရာ ပြင်းထန်သော လူနာ ၄၃ ဦးတို့ ကို ကြက်ခြေနီတပ်ဖွဲ့ ဝင်များမှ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးပြီး ရန်ကုန်ပြည်သူ့ ဆေးရုံကြီး နှင့် မြောက်ဥက္ကလာပဆေးရုံကြီး တို့  သို့ ပို့ ဆောင်ပေးခဲ့ကြပါသည်။ လှည်းကူးဆေးရုံတွင် ဒဏ်ရာသက်သာသွားသော လူနာများကိုလည်း ၎င်းတို့ နေထိုင်ရာအရပ်များသို့  ကြက်ခြေနီတပ်ဖွဲ့ ဝင်များမှ ကူညီပို့ ဆောင်ပေးခဲ့ကြပါသည်။

REF: Myanmar Red Cross Society
ကုမ္ပဏီဝန်ထမ်းကြိုပို့ ယာဉ် နှစ်စီး မျက်နှာချင်းဆိုင် တိုက်မှုဖြစ်ပွား ၁၀၂ ဦး ထိခိုက်ဒဏ်ရာရ ကုမ္ပဏီဝန်ထမ်းကြိုပို့ ယာဉ် နှစ်စီး မျက်နှာချင်းဆိုင် တိုက်မှုဖြစ်ပွား ၁၀၂ ဦး ထိခိုက်ဒဏ်ရာရ Reviewed by THITHTOOLWIN on 03:35 Rating: 5
Powered by Blogger.