လှည်းကူး-ဖောင်ကြီးလမ်းတွင် ဖယ်ရီကားနှစ်စီး မျက်နှာချင်းဆိုင်တိုက် လူ(၉၀)ကျော်ဒဏ်ရာရ


ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် လှည်းကူး-ဖောင်ကြီးလမ်း လှည်းကူးတာဆုံကနေ(၂)မိုင်ခန့်အကွာမှာ မေ(၂၆)ရက် ည ( ၇ )နာရီ ( ၄၅ )မိနစ်က ဖယ်ရီကားနှစ်စီး မျက်နှာချင်းဆိုင်တိုက်မှုဖြစ်ပွားပြီး လူ(၉၀)ကျော်ထိခိုက် ဒဏ်ရာရရှိတယ်လို့ သိရပါတယ်။

 မြောက်ဥက္ကလာပမြို့နယ်က Sogo အထည်ချုပ်စက်ရုံဖယ်ရီ ဒိုင်နာ ကားနဲ့ လှည်းကူးကလီထော်က Max Way အထည်ချုပ်စက်ရုံဖယ်ရီ YBS-44 မီနီဘတ်ကားတို့ မျက်နှာချင်း ဆိုင်တိုက်တာ ဖြစ်တယ်လို့ သိရပြီး ဖယ်ရီကား(၂)စီးလုံးရဲ့ယာဉ်မောင်း(၂)ဦးစလုံးဟာ ဖြစ်ပွားရာနေရာကနေ ထွက်ပြေးသွားကြတယ်လို့သိရပါတယ်။


ထိခိုက်ဒဏ်ရာရသူတွေထဲမှာအမျိုးသမီး(၃၀)ဦးခန့်ဟာ အတွင်းလူနာ အဖြစ် ရန်ကုန်ဆေးရုံကြီးနဲ့ လှည်းကူးဆေးရုံတို့မှာ ကုသပေးနေပြီး အမျိုးသမီး (၆၄)ဦးနဲ့ အမျိုးသား(၁)ဦးတို့ကတော့ပြင်ပလူနာတွေဖြစ်ကာလက်ရှိအခြေအနေမှာ သေဆုံးသူမရှိဘူးလို့သိရပါတယ်။


 အဲဒီယာဉ်တိုက်မှု ဖြစ်ပွားရာကို ထောက်ကြန့် ၊ပဲခူး၊အင်းတကော၊်မင်္ဂလာဒုံ၊ ဖောင်ကြီး၊ရဲမွန၊်ဇရက်ကွင်း၊ သင်္ဃန်းကျွန်းနဲ့မရမ်းကုန်းမြို့နယ်တို့ကလူနာတင်ကားတွေ၊လူမှုကယ်ဆယ်ရေးအဖွဲ့တွေလာရောက်ကူညီဆောင်ရွက်ပေးကြတယ်လို့သိရပါတယ်။ဒီသတင်းကို အောင်ကျော်မိုး(လှည်းကူး)ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/
လှည်းကူး-ဖောင်ကြီးလမ်းတွင် ဖယ်ရီကားနှစ်စီး မျက်နှာချင်းဆိုင်တိုက် လူ(၉၀)ကျော်ဒဏ်ရာရ လှည်းကူး-ဖောင်ကြီးလမ်းတွင် ဖယ်ရီကားနှစ်စီး မျက်နှာချင်းဆိုင်တိုက် လူ(၉၀)ကျော်ဒဏ်ရာရ Reviewed by THITHTOOLWIN on 10:32 Rating: 5
Powered by Blogger.