ကြက်ကိုင်းတန်တွင် ဓါးထိုးမှုဖြစ်၊ တစ်ဦးသေ

( ဓာတ်ပုံ- မိုကက် fb)
စစ်တွေ၊ မေ ၂၅

စစ်တွေမြို့နယ်၊ ကြက်ကိုင်းတန် ကျေးရွာတွင် ဓါးထိုးမှု ဖြစ်၍ တစ်ဦးသေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ ကျော်လင်း ဖြစ်ကြောင်း၊ ၎င်းမှာ မေလ ၂၄ ရက်နေ့က ည ၁၀ နာရီခွဲခန့်တွင် ကြက်ကိုင်းတန် ရွာဦးစေတီတွင် အိပ်ပျော်နေစဉ် သူနှင့်စကားများထားသူ ခိုင်မိုးထွန်းမှ ၁၅ လက်မခန့် အရှည်ရှိသည့် ဓားဖြင့် ၃ ချက်တိတိ ထိုးရာမှ သေဆုံးသွားခြင်း ဖြစ်ကြောင်း စစ်တွေမြို့ အမှတ်(၂) ရဲစခန်း စခန်းမှူးက နိရဉ္စရာသို့ ပြောသည်။

“ ဆဲဆို၍ ပြသာနာဖြစ်ရာကနေ လူသတ်မှု ဖြစ်တာ။ ပြစ်မှုကျုးလွန်သူ ခိုင်မိုးထွန်းက ဆဲဆိုပြီး ဖုန်းပြောနေတာကို မဆဲဆိုဖို့ ပြောဆိုရာကနေ အငြိုးထားပြီး ကျော်လင်း အပေါ် ပြစ်မှု ကျုးလွန်ခဲပုံရပါတယ်” ဟု အမှတ်(၂) စခန်းမှူး ဆက်လက် ပြောဆိုသည်။

ပြစ်မှုကျုးလွန်သူ ခိုင်မိုင်းထွန်းအား ဖမ်းဆီးထားပြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားသည် ဟု ဆက်လက်ပြောသည်။

၂၀၁၇ ခုနှစ်အတွင်း ကြက်ကိုင်းတန်ရွာ တစ်ခုတည်းတွင် လူသတ်မှု ၂မှု ဖြစ်ပွားခဲ့ပြီ ဟုလည်း စခန်းမှူးက ဆက်လက်ပြောဆို သည်။

မဘုကေ
Narinjara
https://www.facebook.com/Narinjara
ကြက်ကိုင်းတန်တွင် ဓါးထိုးမှုဖြစ်၊ တစ်ဦးသေ ကြက်ကိုင်းတန်တွင် ဓါးထိုးမှုဖြစ်၊ တစ်ဦးသေ Reviewed by THITHTOOLWIN on 20:56 Rating: 5
Powered by Blogger.