ပေါက်တောမြို့နယ်တွင် ၉ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရ


နိရဉ္စရာ၊ မေ ၁၉

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ပြင်မကျေးရွာမှ အသက် ၉ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး မေလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်က အဓမ္မပြုကျင့်ခံရသည်ဟု ပေါက်တောမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက နိရဉ္စရာ သတင်းဌာနသို့ အတည်ပြု ပြောကြားသည်။

အဓမ္မပြုကျင့်သူမှာ ပေါက်တောမြို့နယ် ကျောက်တောင်ကျေးရွာနေ မောင်ကျော်ဆန်းလှိုင်(ခ) ဆန်းကြီး (၂၀)နှစ် (ဘ) ဦးကျော်ယဉ် ဖြစ်ပြီး၊ အဓမ္မပြုကျင့်ခံရသူမှာ ပြင်ပမကျေးရွာနေ မ----(ခ) -----မ (၉ )နှစ် ---- ဖြစ်ကြောင်း သိရသည်။

မောင်ကျော်ဆန်းလှိုင်သည် ပန်းပဲလုပ်ပြီး အဓမ္မပြုကျင့်ခံရသူ ကလေးမ၏ အစ်ကှို သူငယ်ချင်း တစ်ဦးဖြစ်ကာ သူမနေထိုင်သော အိမ်သို့ အမြဲတမ်း လာလည် ၀င်ထွက် သွားလာနေသူတစ်ဦးဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ပွားပုံမှာ ယနေ့နံနက်က သူမနေထိုင်သော အိမ်သို့ မောင်ကျော်ဆန်းလှိုင်လာလည်စဉ် အိမ်တွင် အမိ အဘ၊ အစ်ကိုတို့ တစ်ဦးမှ မရှိဘဲ သူမတစ်ဦးတည်း အိမ်အောက်တွင် ကစားနေကြောင်း၊ ယင်းသို့ ကစားနေသည်ကို မောင်ကျော်ဆန်းလှိုင်က အိမ်ပေါ်သို့ ခေါ်တင်ပြီး အဓမ္မပြုကျင့်ခဲ့သည်ဟု မ---က ထွက်ဆိုကြောင်း အဆိုပါ ရဲအရာရှိက ပြောသည်။

ကနဦးစစ်ဆေးချက်အရ မောင်ကျော်ဆန်းလှိုင်သည် တစ်ကြိမ်ကျူးလွန်ခဲ့သည်ဟု ၀န်ခံထားကြောင်း၊ အတည်ပြုနိုင်ရန် ဆရာဝန်ဆေးစစ်ချက်ကို ယူရဦးမည်ဖြစ်ကြောင်းနှင့် ပြစ်မှုကျူးလွန်သူကို ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်သွားမည်ဟု ၄င်းက ပြောသည်။

စံမောင်သန်း၊ စစ်တွေ
Narinjara
https://www.facebook.com/Narinjara
ပေါက်တောမြို့နယ်တွင် ၉ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရ ပေါက်တောမြို့နယ်တွင် ၉ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရ Reviewed by THITHTOOLWIN on 19:32 Rating: 5
Powered by Blogger.